တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA ကိုယ်စားလှယ်တွေ နက်ဖြန် ဒီဇင်ဘာ ၁၅ ရက်နေ့ တွေ့ဆုံပွဲအတွက် စစ်တပ် ကိုယ်စားလှယ်တွေ ကူမင်းကို ရောက်နေကြပြီလို့ အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့က ပွဲတော်တခုမှာ ဗုံးကွဲလို့ ၃ ဦး သေဆုံးပြီး၊ ၄၈ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဗုံးခွဲမှုနဲ့ ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးမှာ တဦးက KNU အဖွဲ့ဝင်တဦးဖြစ်ပြီး ကျန်တဦးက ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
တရုတ်အစိုးရရဲ့စီစဉ်ပေးမှုနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဒီကနေ့တရုတ်နိုင်ငံကူမင်းကို ရောက်ရှိလာကြပြီဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာ ၁၅မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
လူမျိုးစုတွေ အနေနဲ့ “စစ်က အိမ်ရှေ့ ရောက်နေတဲ့” အနေအထားမှာ စစ်ရေး ရပ်တန့်သွားဖို့ မလွယ်သလို အချုပ်အခြာ ပြဿနာကို အိမ်နီးချင်းတွေက နားလည်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာသုတေသီ ကိုထက်မင်းလွင်က ထောက်ပြပါတယ်။ ထိုင်းမှာ ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
မောင်တောမြို့နယ် အပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ကြောင်း ကြေညာပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနယ်စပ်မှာ လုံခြုံရေး တိုးမြှင့်ထားကြောင်း အာဏာပိုင်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ ပါဝင်သူအားလုံး အကြမ်းဖက်မှုတွေ ရန်တန့်ဖို့နဲ့ နိုင်ငံတကာဥပဒေ ပြဌာန်းချက် အတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ချင်းပြည်နယ် ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်အဖွဲ့တို့ကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်း ရိက္ခာတွေကို လေယာဉ်နဲ့ ဖြည့်တင်းနေတယ်လို့ ချင်းညီနောင်အဖွဲ့နဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
မကွေးတိုင်း ကမ္မမြို့အနီးက ရေလာလေး ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အနီးအနားကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဂတိလိုက်စားမှု လျော့နည်းကျဆင်းလာစေရေး၊ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်စေရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးရေးတို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၅ ခုနှစ်ကူးချိန်မှာ လူသားချင်းစာနာ အကူအညီလိုအပ်သူ သန်း ၂၀ လောက် ရှိနိုင်ပြီး အဲဒီထဲက ၅ သန်းခွဲလောက် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးပေါ် အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံပေးဖို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ရုံးက အစီရင်ခံစာထုတ်ပြန်တောင်းဆိုပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်မှာရှိတဲ့ ချောင်းသာ၊ ရွှေသောင်ယံနဲ့ သပွတ်ကန်ကမ်းခြေတွေမှာ ရခိုင် ငါးဖမ်းသမားတွေကို စစ်ကောင်စီက ငါးဖမ်းခွင့် ပိတ်ထားပါတယ်။ ဒေသခံတွေကို ငါးဖမ်းခွင့်ပေးပေမဲ့ ရခိုင်ဘက်က စစ်ပြေးဒုက္ခသည်တွေကိုတော့ ငါးဖမ်းခွင့် မပေးဘူးလို့ ရခိုင်ငါးဖမ်းသမားတွေက ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့အတွက် ဆန့်ကျင်၊ လှုပ်ရှားနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေကို လေးစားကြောင်းနဲ့ သူတို့နဲ့ တသားတည်း ရပ်တည်ကြောင်း ကိုရီးယားရောက် မြန်မာတွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်