ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ Gaibandha ခရိုင်အတွင်းက ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ မဲပေးခွင့်မှတ်ပုံတင်လာလုပ်သူ ရိုဟင်ဂျာ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ အပါအဝင် နေရာတော်တော်များများမှာ စက်သုံးဆီဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စက်သုံးဆီကား အဝင်ပိတ်ထားလို့ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့ စက်သုံးဆီကိုသာ အဓိကထား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သေဆုံးသူအရပ်သား အရေအတွက် ၆ ထောင် ကျော်အထိ ရှိလာနေတာကြောင့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ လမ်းကြောင်းမှန်ရောက်အောင် တည့်မတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ သတိပေးလိုက်ပါတယ်။
တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ရာဒေသတွေကို စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြီးခဲ့တဲ့လ တလထဲမှာပဲ အရပ်သား ၄၀ကျော် သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၈၀ကျော်ခန့်ရှိကြောင်း TNLA ကပြောပါတယ်။
မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီကနေ့ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့က ဒေသခံတွေအတွက် တနိုင်တပိုင် အစားအသောက်သယ်ယူခွင့်ကို တရုတ်က ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာရော နယ်မြေတည်ငြိမ်မှုမရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ခြိမ်းခြောက်မှုပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းခံနေရတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန် ကြားမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၃ခုကို ချင်းပြည်အစိုးရတပ်က သိမ်းယူလိုက်နိုင်ပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်း တပ်ရင်းမှုးတွေအပါအဝင် စစ်ကောင်စီဘက်က ၃၀ခန့်ကျဆုံးပြီး ၁၉ဦးကို အရှင်ဖမ်းဆီးခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNA က အတည်ပြုပါတယ်။
ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုအတွက် ကန့်ကွက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
မြန်မာ့အရေး တရုတ်က တဘက်သတ် လွှမ်းမိုးနေတာကို လျှော့ချနိုင်ဖို့ အိန္ဒိယကလည်း ထိတွေ့ဆက်ဆံမှု ပိုတိုးလုပ်လာတယ်လို့ ဒေသတွင်းဆက်ဆံရေး စောင့်ကြည့်နေတဲ့ စင်္ကာပူအမျိုးသား တက္ကသိုလ် ပါရဂူဘွဲ့ ကျမ်းပြုသုတေသီ Angshuman Choudhury အန်ရှမန် ချောင်ဒရီက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း အရှေ့မြောက်ဘက် ပင်လယ်ပြင်မှာ တဝက်လောက်အထိ ရေထဲနစ်မြှုပ်နေတဲ့ စက်လှေပေါ်ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား ဒေသခံတွေက စနေနေ့က ကယ်တင်ခဲ့တဲ့ အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR က ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ပင်လယ်ပြင်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာမှာ ငါးဖမ်းသမား ၁ ယောက် သေဆုံးခဲ့ပြီး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရေတပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်