တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကပ်ရောဂါဘေးနှင့် ကြုံတွေ့ခဲ့သည့်အချိန်တွင် တိုင်းရင်းဆေးနှင့် ကာကွယ်ကုသနိုင်ရေးအတွက် တိုင်းရင်းဆေးဖုံ (ဝိသမအဖျားပျောက်ဆေး) ၏ အကျိုးထိရောက်မှုကို သုတေသနအဆင့်ဆင့်ပြုလုပ်ပြီး တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိခဲ့ပြီး ဆေးဝါးထုတ်လုပ်ကာ တိုင်းရင်းဆေးရုံများတွင် အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေအသုံးပြုနေပြီကို သိရှိရသဖြင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဂုဏ်ယူဝမ်းမိတယ်လို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောဆိုလိုက်တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် နတ်ကြီးရွာကို ဒီဇင်ဘာ ၃ ရက် ညနေနဲ့ညပိုင်းမှာ စစ်ကောင်စီက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ထဲက ကျေးရွာတွေမှာလည်း စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူ ပျူစောထီးတွေက သေနတ်တွေပစ်ဖောက်ပြီး နယ်မြေရှင်းလင်းနေပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဒီဇင်ဘာလ ၃ ရက်နေ့က စလို့ တဖက်သတ်အပစ်ရပ်မယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ မကြာသေးခင်ကပဲ တအောင်းတပ်ဖွဲ့ TNLA ကလည်း အပစ်ရပ်ဆွေးနွေးဖို့အသင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်နေပြီး လာမယ့် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒီအကြောင်းအရာနဲ့ နီးစပ်သူတဦးက VOA ကို ပြောဆိုပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းနဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းဆည်းထားနိုင်ပေမယ့် အလုံးစုံ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်အောင် ဆက်တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။
ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်အကြားမှာ စစ်ကောင်စီတပ်နဲ့ ၂လကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာက ဒီကနေ့မှာတော့ KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို စတင် ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။
Amazon လုပ်ငန်းပိုင်ရှင် ဘီလျံနာ Jeff Bezos ရဲ့ ဇိမ်ခံ သင်္ဘော Koru မှာ တရားမဝင် မြန်မာကျွန်းသစ်တွေ အသုံးပြုမှုနဲ့ နယ်သာလန် လုပ်ငန်းကြီးတခုကို ယူရို ၁ သိန်းခွဲ ဒဏ်ကြေးချမှတ်လိုက်ပါတယ်။
မြေမြှုပ်မိုင်းနဲ့ ဗုံးဆံတွေကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ တိုးလာနေတယ်လို့ ပဋိပက္ခနဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတွေက ဒီဇင်ဘာလ ၃ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ တဖက်သတ်အပစ်အခတ်ရပ်စဲမယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ စစ်ကောင်စီတပ်တွေကို အစပြု တိုက်ခိုက်မှာမဟုတ်သလို၊ စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်စဲပေးရမယ်လို့လည်း MNDAA က တောင်းဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးတွေ သယ်ဆောင်သူတွေဟာ ရေလမ်းကြောင်းအတွက် Star Link ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးခဲ့တာကြောင့် အသေးစိတ်အချက်အလက်တွေ သိရဖို့ အိန္ဒိယအာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်၊ ခရိုင်ရွာကို ဒီဇင်ဘာ ၁ ရက်မှာ စစ်ကောင်စီဘက်က ဗုံးကြဲခဲ့လို့ အရပ်သား ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ သေဆုံးမှုတွေလည်း တိုးလာနေတာပါ။
နောက်ထပ်ကြည့်ရှုရန်