မြန်မာ့စီးပွားရေးဟာ ဒီနှစ်ဘဏ္ဍာနှစ်မှာ ၁ % ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကခန့်မှန်းထားသလို လက်နက်ကိုင်ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့အပြင် မကြာခင်လပိုင်းက ရေဘေးဒဏ်တွ ထပ်ကြုံခဲ့ရတဲ့ မြန်မာ့စီးပွားရေးဟာ စောစောပိုင်းက ခန့်မှန်းချက်တွေနဲ့ ကွဲလွဲပြီး နောက်ထပ် ကျဆင်းနိုင်ခြေရှိနေတာကို ကမ္ဘာဘဏ်က သတိပေးထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ-၅ ကို ဒီသီတင်းပတ် အစောပိုင်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီသေဆုံးပြီး အရာရှိတချို့ အပါအဝင် ဖမ်းဆီးရမိတာတွေ ရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ဘက်က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုရဖို့ ဖန်တီးတဲ့ ရွေးကောက်ပွဲသာဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့်ရွေးကောက်ပွဲမဟုတ်ကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက VOA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်ရာမှာသုံးတဲ့ လေယာဉ်အစိတ်အပိုင်းတွေရောင်းချပေးမှုနဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ပြီး ဒီထဲက ၂ ခုဟာ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး ကျန် ၂ ခုကတော့ ရုရှားမှာအခြေစိုက်ကြောင်း ကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတာနဲ့အမျှ နေရပ်စွန့်ခွာရသူတွေ တိုးလာနေပြီး ကျန်းမာရေး ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ စစ်ရေးပဋိပက္ခကြားမှာ ဒုက္ခသည်တွေဟာ အရေပြားရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပြီး ဆေးဝါးရရှိဖို့ အခက်ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လုပ်ခလစာနဲ့ အခွင့်အလမ်းတွေအတွက် ပြည်ပထွက် အလုပ်လုပ်ကြသူတွေ များလာတာကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးနေချိန်မှာပဲ မြန်မာအလုပ်သမားရေးဌာနက ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေကို ညွှန်ကြားလိုက်တာပါ။
ရခိုင်မြောက်ပိုင်းမှာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့လုပ်ရပ်တွေ ဆက်ပြီး ဆိုးရွားနေမယ်ဆိုရင် ICC တရားစီရင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ရှေ့နေချုပ် Karim Khan က သတိပေးလိုက်ပါတယ်။ အကန့်အသတ်တွေရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေကို တရားစီရင်ပိုင်ခွင့်ရှိတယ်လို့လည်း Mr. Khan ကပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို ကျဆုံးသူလည်း ၁၈ ယောက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ကို စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး Phumtham Wechayachai ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို စစ်တပ်၊ ရဲနဲ့လဝကအပါအဝင် ဌာနစုံပူးပေါင်းအဖွဲ့က သတင်းအရ ရှောင်တခင်စစ်ဆေးရာမှာ စစ်ဘေးရှောင်သူ ၄၀ နီးပါးအပါအဝင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ဟန့်တားဖို့လိုကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk မနေ့ တနင်္လာနေ့ ဂျနီဗာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်