ဘဏ္ဍာရေးအကျပ်အတည်းကြုံတွေ့နေရတဲ့ Silicon Valley Bank ကို ပြည်ထောင်စုအစိုးရအနေနဲ့ ငွေကြေး ကျားကန်ထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒါပေမယ့်လည်း စုငွေတွေဆုံးရှုံးမလားဆိုပြီး စိတ်ပူနေသူတွေအတွက်တော့ ကူညီဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
“အကျိုးအကြောင်းမဲ့ သူ့ရဲ့စကားတွေကြောင့် အဲဒီနေ့ လွှတ်တော်မှာရှိကြတဲ့လူတိုင်းနဲ့ ကျနော့်မိသားစုတို့ အန္တရာယ်ကြုံခဲ့ရပါတယ်။ သမိုင်းက Donald Trump ကို အရေးယူမယ်ဆိုတာ ကျနော်သိပါတယ်။” (ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်)
အော်စကာအကယ်ဒမီ ဆုပေးပွဲမှာ "Everything Everywhere All at Once" စိတ်ကူးယဉ် ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆုရဖို့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အကောင်းဆုံး ဇာတ်ကားဆု အပါအဝင် အော်စကာဆု ၁၁ ဆုအတွက် အမည်စာရင်း တင်သွင်းခံထားရတာပါ။
အမေရိကန် ထိပ်တန်းဘဏ်ကြီးတစ်ခုမှာ ငွေစုသူတွေ အလောတကြီး စုပြုံငွေပြန်ထုတ်ကြရာကနေ အခက်ကြုံပြီး၊ အစိုးရက ဘဏ်ကိုပိတ်ပြီး ဝင်ထိန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်တဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အစိုးရက ထောက်ပံ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂကြား တိုင်ပင်ဆွေးနွေးဖို့ သမ္မတ Joe Biden နဲ့ သဘောတူညီခဲ့တယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေရိကန်၊ ထိုင်းနဲ့ တခြား ဒေသတွင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၆၀၀ ကျော် ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။
ပစိဖိတ်ဒေသထဲက ကျွန်းနိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု တိုးလာနေချိန်မှာ အမေရိကန် ပြည်ထောင်စုကလည်း သြဇာချိန်ခွင်လျှာညှိနိုင်ဖို့ Marshall Islands, Micronesia နဲ့ Palau ကျွန်း နိုင်ငံတွေအတွက် ဒေါ်လာ ဘီလျံနဲ့ချီ သုံးစွဲဖို့ သမ္မတ ဘိုင်ဒန်အစိုးရက အဆိုပြုလိုက်တာပါ။
ယူကရိန်း ကျူးကျော်စစ်အတွက် တုံ့ပြန် ဒဏ်ခတ်တဲ့အနေနဲ့ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒေါ်လာ ၂၅ သန်းတန် ဘိုးအင်း ၇၃၇ လေယာဉ်တစီးကို သိမ်းဆည်းဖို့ နယူးယောက်မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတခုက ခွင့်ပြုလိုက်ပါတယ်။
အမေရိကန်မှာ သြဇာညောင်းတဲ့ အထက်လွှတ်တော်က Republican ပါတီခေါင်းဆောင် Mitch McConnell ဟာ ဗုဒ္ဓဟူးနေ့ညက ချော်လဲလို့ ဆေးရုံတင်ထားရတယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ကမ္ဘာတလွှားအပြုသဘောဆောင် အပြောင်းအလဲတွေ ဖော်ဆောင်ရာမှာ စွမ်းစွမ်းတမံပါဝင်ဦးဆောင်ခဲ့ကြသူ အမျိုးသမီး ၁၁ ဦးကို နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်နေ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်တဲ့ အမျိုးသမီးသတ္တိရှင်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
မတ်လဟာ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများရဲ့သမိုင်းကိုဂုဏ်ပြုသတ်မှတ်ထားတဲ့လဖြစ်ပါတယ်။ မတ်လ ၈ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ပါ။ ဒီအချိန်အခါနဲ့တပြေးညီ အားကစား၊ နိုင်ငံရေး၊ ဖျော်ဖြေရေး စသဖြင့် လူမှုနယ်ပယ်အသီးသီးမှာ ပေါ်ထွက်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးတွေကို စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကပြည်နယ်ဟူစတန်မြို့က ကော်ဖီဆိုင်တဆိုင်မှာ Nathan Reeves နဲ့ Alexsey Reyes တို့နှစ်ယောက် အင်တာနက်ရေဒီယို ပေါ့ကဒ်အသံဖမ်းထုတ်လွှင့်နေတုန်း ကားတစီးက အရှိန်မထိန်းမနိုင်ဘဲ သူတို့နောက်က မှန်ပြူတင်းပေါက်ကိုဝင်တိုက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ သူတို့ ၂ဦး ထိခိုက်ဒဏ်ရာရတာမဖြစ်ခဲ့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။