မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၈၈၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာဟာ ဒီနေ့မှာလည်း ဘန်ကောက်မြို့မှာ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ၃၉.၇ သန်းနီးပါးနဲ့ သေဆုံးသူ ၁.၁ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် အိမ်နီးချင်းနိုင်ငံတွေက ရှုမြင်ထားတဲ့ ဂျပန်စစ်သည်တွေကို အမှတ်တရ ဂုဏ်ပြုထားရာ အငြင်းပွားဖွယ် ယာဆုခုနိ ဘုရားကျောင်းကို စနေနေ့က ဂျပန်ဝန်ကြီးချုပ် Yoshihide Suga ဂါရဝပြုတဲ့ လက်ဆောင်တခု ပေးပို့လိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင် သမ္မတလောင်း ၂ ဦးရဲ့ နောက်ဆုံးအချီ စကားစစ်ထိုးပွဲကို Tennessee ပြည်နယ် Nashville မှာ အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီကနေ ၁၀ နာရီခွဲ ကျင်းပဖို့ စီစဉ်ထားကြောင်း သမ္မတရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ ကော်မရှင်က သောကြာနေ့မှာ ကြေညာပါတယ်။
ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သြစတြီးယားနဲ့ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ၂ ဦးမှာ COVID-19 ကူးစက်မှုရှိကြောင်း တွေ့ရှိခဲ့ရတဲ့ အတွက် ဒီအစည်းအဝေးဟာ ဒီရောဂါကူးစက်မှုရှိစေတဲ့ ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။
စည်းလုံးမှုမရှိတဲ့ ကမ္ဘာကြီးဟာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါရဲ့ စိန်ခေါ်မှုကို ရင်မဆိုင်နိုင်ဘဲ ဖြစ်နေကြောင်းနဲ့ လူသန်းပေါင်းများစွာကို ဆင်းရဲငတ်မွတ်မယ့် ဘေးကနေ ကာကွယ်နိုင်ဖို့အတွက် စုပေါင်းလုပ်ဆောင်ဖို့ လိုနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က စနေနေ့မှာ သတိပေးလိုက်ပါတယ်။
ကိုဗစ်ရောဂါပိုး ရှိမရှိ အမြန်စစ်နိုင်မယ့် Rapid Antigen Diagnostic Test Kit ကိရိယာ ၉၅,၀၀၀ ကို တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့အတွက် မြန်မာပြည်သူတွေကို အရင်ထက်ပိုပြီး စစ်ဆေးပေးနိုင်တော့မှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ကူးစက်သူအရေအတွက် ၁,၃၈၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၉ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ al-Qaida အဖွဲ့ရဲ့ အင်အားနဲ့ လွှမ်းမိုးမှုအပေါ် အမေရိကန်ပြည်ထောင်စုက လျှော့တွက်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ကမ္ဘာတဝန်းမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စံချိန်တင် မြင့်တက်နေပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး ထောက်ခံတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီနေ့မှာလည်း ဘန်ကောက်မြို့ နေရာအတော်များများမှာ ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုတဝန်းက မြို့ကြီးတွေမှာ Women's March လို့ခေါ်တဲ့ အမျိုးသမီးထု ချီတက်ပွဲကြီး ဒီကနေ့လုပ်ဖို့ရှိပြီး ကိုဗစ်ကပ်ရောဂါဘေး ရင်ဆိုင်နေရတဲ့ ကြားမှာပဲ လူထောင်ပေါင်းများစွာ ပါဝင်ကြမယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
ဥရောပနိုင်ငံတွေဘက်မှာ ရောဂါကူးစက်မှုတွေ မြင့်တက်ခဲ့ပြီး ပိုလန်၊ ယူကရိန်းနဲ့ သြစတြီးယားနိုင်ငံမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က မြန်မာနိုင်ငံက NGO အဖွဲ့တစ်ခုဖြစ်တဲ့ ပြည်ကြီးခင်အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် တီဘီရောဂါတိုက်ဖျက်ရေး ဆိုင်ရာ စီမံချက်သစ်ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
လူထုမေးမြန်းချက်တွေကို ဖြေကြားတဲ့ town hall ပုံစံ ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲကို ရုပ်သံတွေကနေ တဆင့် လူူချင်းမတွေ့ပဲ သီးခြား ပါဝင်ဆင်နွဲခဲ့ကြ ပြီးတဲ့နောက်မှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတ TTrump နဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်တို့ ဟာာ မဲဆွယ်ပွဲတွေ ပြန်လုပ်နေကြပါပြီ။
တကယ်လို့ အီးယူ ဥရောပသမဂ္ဂဘက်က အရေးပါတဲ့ ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် အီးယူကနေ ဗြိတိန် ဘာသဘောတူညီမှုမှ မယူပဲနုတ်ထွက်ဖို့ ပြင်ဆင်ရမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ မနေ့တုန်းက COVID-19 ရောဂါကူးစက်သူ ၁,၁၃၈ ဦး ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်ခံရ သူ၃၃,၄၈၈ ဦးရှိပြီဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် COVID-19 အကူးစက်ခံရချိန်က ပေးခဲ့တဲ့ remdesivir ဆေးဟာ ဒီရောဂါအပြင်းအထန်ခံစားနေရသူတွေ အပေါ် သက်ရောက်မှု လုံးဝမရှိတာ ဒါမှမဟုတ် နည်းနည်းပဲ ရှိတာတွေ့ရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သောကြာနေ့ညက ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ရဲက မီးသတ်ပိုက်နဲ့ လူစုခွဲ နှိမ်နှင်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်