ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်ကောလိပ်တွေက ဒီနှစ်ဆောင်းရာသီစာသင်နှစ်အတွက် အတန်းတွေကို အွန်လိုင်းကနေပဲ သင်ကြားမယ် ဆိုရင် နိုင်ငံခြားကျောင်းသားတွေ အနေနဲ့ ကျောင်းပြောင်းတာ ဒါမှမဟုတ် အမေရိကန်နိုင်ငံကနေ ထွက်သွားရမယ့် ဥပဒေကို သမ္မတထရမ့် အစိုးရအဖွဲ့က အင်္ဂါနေ့မှာ ပြန်ရုပ်သိမ်းလိုက်ပါပြီ။
နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက် ရေဘေးဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ တစ်ချို့နေရာဒေသတွေမှာ ရေ ပိုကြီးလာနေတာကြောင့် လူပေါင်း ၁သန်းကျော် ရေလွတ်ရာကုန်းမြင့်တွေကိုဆီကိုထွက်ပြေးသူက ပြေး၊မပြေးနိုင်တဲ့သူတွေကပိတ်မိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ စေတနာ့ရှင်ဝန်ထမ်းတွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အာဏာပိုင်တွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ရောဂါ ပိုးကူးစက်ခံထားရသူ လူနာတွေကို တအိမ်တက်ဆင်းရှာဖွေသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီး EDUARDO AÑO က ပြောပါတယ်။
ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့ကောင်းကင်ပြင်မှာ အပြာ- အဖြူနဲ့ အနီရောင် မီးခိုးတန်းတွေ အမြှီးကနေ ထုတ်လွှတ်နေတဲ့ တိုက်ဂျက်လေယာဉ်တွေ ပျံဝဲဂုဏ်ပြုပြီး ပြင်သစ်အမျိုးသားနေ့ Bastille Day ကို ကျင်းပကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၇ နှစ်တာ အတွင်း ပထမဦးဆုံး ပြည်ထောင်စုအစိုးရရဲ့ သေဒဏ် အပြစ်ပေး စီရင်မှုကို အင်္ဂါနေ့မှာ ပြုလုပ်လိုက်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ မြန်နှုန်းမြင့် မိုဘိုင်းဖုန်းကွန်ယက် အသစ်အတွက် တရုတ်ရဲ့ Huawei ဆက်သွယ်ရေး စက်ပစ္စည်း ကုမ္ပဏီရဲ့ အခန်းကဏ္ဍကို ဗြိတိသ ျှ အစိုးရက ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေကို တိုးမြှင့် ပြုလုပ်လာပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးတွေ အမြောက်အမြား ဝင်ရောက်လာတာကြောင့်ဒီနှစ်ထဲ ICE စိတ်ကြွမူးယစ်ဆေးအများအပြားဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး ONCB အတွင်းရေးမှူးချုပ် က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ နောက်ထပ် ၁ ယောက်တိုးတာကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၃၃၇ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅,၇၀၀၀ ကျော်အပါအဝင် ပိုးကူးခံရသူ ၁၃ သန်း ရှိလာချိန်မှာ အမေရိကန်ပြည်ထောင်စုမှာတော့ နွေရာသီအကုန်လောက်မှာ အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထုတ်လုပ်နိုင်ဖို့မေ ျှာ်မှန်းထားတယ်လို့ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၁၇ နှစ်တာ အတွင်း ပထမဆုံး အကြိမ် ဖြစ်မယ့် ပြည်ထောင်စု အစိုးရရဲ့ သေဒဏ် ပြစ်ဒဏ် စီရင်မှုကို ကျင့်သုံး ကွက်မျက်ဖို့ နာရီပိုင်း အလိုမှာဘဲ ဖယ်ဒရယ် တရားသူကြီး တဦးက တားမြစ်မိန့် ထုတ်လိုက်ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ တင်းမာမှု ပြဿနာ အသစ်တွေဖြစ်မှာ စိုးရိမ်တဲ့အကြောင်းပြချက်နဲ့အမေရိကန်နဲ့ ရုရှားကြား နျူကလီးယား အရေးဆွေးနွေးပွဲ တွေမှာ ပါဝင်ဖို့ကို တရုတ်က လက်မခံ ငြင်းဆန်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ အင်တာနက် အွန်လိုင်းကနေ ကျောင်းတက်မယ့် နိုင်ငံတကာ ကျောင်းသားတွေကို နေထိုင်ခွင့် ဗီဇာ ထုတ်မပေးရေး အမေရိကန် အစိုးရရဲ့ ညွှန်ကြားချက်ကို Harvard နဲ့ MIT တက္ကသိုလ်တွေရဲ့ အမှုဖွင့် တိုင်ကြားချက်မှာ တက္ကသိုလ်ပေါင်း ၂၀၀ ကျော်က လက်မှတ်ထိုး ထောက်ခံချက် တင်သွင်းခဲ့ကြပါတယ်။
လူဦးရေ သန်းတစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ အင်တာနက် ဈေးနှုန်းသက်သာပြီး လူတွေ အလွယ်တကူ သုံးနိုင်ဖို့အတွက် Google ကုမ္ပဏီက အိန္ဒိယမှာ ဒေါ်လာ (၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမယ်လို့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တနင်္လာနေ့ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၃၃၆ ယောက်၊ ရောဂါပိုးကင်းစင်သွားသူ ၂၆၁ ယောက်နဲ့ သေဆုံးသူ ၆ ယောက်ရှိပါတယ်။
အမေရိကန်တက္ကသိုလ်တွေမှာ လူကိုယ်တိုင်တက်နိုင်တဲ့ အတန်းတွေ မရှိရင် ဒီမှာ ပညာသင်ကြားနေတဲ့ နိုင်ငံတကာကျောင်းသားတွေနိုင်ငံက ထွက်ခွါရမယ်ဆိုတဲ့ အမိန့်ကြောင့် ပြည်ထောင်စုအစိုးရကို တရာစွဲထားတဲ့ နာမည်ကြီးတက္ကသိုလ် ၂ ခုကို တက္ကသိုလ်ပေါင်း ၆၀ လောက်က တနင်္ဂနွေနေ့က ထောက်ခံခဲ့ကြပါတယ်။
တရုတ်နိုင်ငံ Xinjiang ပြည်နယ်ထဲက Uighur မူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရ အရာရှိတွေကို အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံကလည်း လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် လွှတ်တော်အမတ်တွေကို ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ထပ်မံ တိုးပွားလာနေပေမယ့် လာမယ့် သီတင်းပတ်တွေအတွင်း ကျောင်းတွေကို တပတ် ၅ ရက်လုံး ဖွင့်ပြီး ဆရာနဲ့သင်ကြားဖို့နဲ့ ကျောင်းတွေဖွင့်ပေမယ့်လည်း ကူးစက်မှု အန္တရာယ်အတွက် လုံခြုံမှုရှိကြောင်း ပညာရေးဝန်ကြီး Betsy DeVos က ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ တနင်္ဂနွေနေ့က တရက်တည်းမှာတင် နောက်ထပ် COVID-19 ကူးစက်ခံရသူပေါင်း ၁၅,၀၀၀ ကျော် ရှိခဲ့တဲ့အတွက် စံချိန်သစ်တင်ခဲ့ပါတယ်။
ဘောလိဝုဒ် အကျော်အမော် မင်းသမီး၊ မယ်ကမ္ဘာ အလှမယ်ဟောင်း Aishwarya Rai Bachchan နဲ့ ၈ နှစ်အရွယ် သမီးလေးတို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ အတည်ပြုပါတယ်။
ဟောင်ကောင်မှာ လာမယ့် စက်တင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ရည်ရွယ်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်က အလွတ်သဘော ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၆ သိန်းနီးပါး ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်