မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၁ ဦး တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်သူ ၃၃၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တကမ္ဘာလုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အဆိုးဆုံး ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပိုပြီးဆိုးလာမှာကို ပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ စနေနေ့ကတော့ ဝါရှင်တန်ဒီစီမြို့တော် အပြင်ဘက်က စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်သည်တွေကို သွားရောက်တွေ့ဆုံခဲ့စဉ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ နှာခေါင်းစည်း မျက်နှာဖုံး ဝတ်ဆင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ အင်ဒိုနီးရှားနိုင်ငံက စစ်တက္ကသိုလ်တခုမှာ လူပေါင်း ၁,၃၀၀ နီးပါး ရောဂါပိုး ကူးစက်ခံထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယ ဘောလိဝုဒ်နာမည်ကျော် ရုပ်ရှင်မင်းသားကြီး Amitabh Bachchan ဟာ COVID-19 ကူးစက်ခံထားရတဲ့အတွက် သူ့ဇာတိ မွမ်ဘိုင်းမြို့မှာ ဆေးရုံတင် ဆေးကုသမှု ခံယူနေကြောင်း စနေနေ့က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာနဲ့နယ်စပ် အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်မှာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် နာဂ ခွဲထွက်ရေးသူပုန် ၆ ဦး သေဆုံးသွားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံထဲ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ လုံခြုံရေး သတိဝီရိယနဲ့ နေထိုင်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘေးအန္တရာယ်ကင်းရေး သတိပေးချက်တရပ် စနေနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ အကြံပေးအရာရှိဟောင်း Roger Stone ပြစ်ဒဏ်ကျခံဖို့ ထောင်ထဲမသွားရခင် ရက်ပိုင်းအလိုမှာပဲ ဒီအပြစ်ဒဏ် ထောင်ဒဏ်သက်တမ်းကို လျှော့ချ ပြောင်းလဲပေးလိုက်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ သီတင်းနှစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဆ ဖြစ်သွားပြီး အခုဆို ၂ သိန်းခွဲကျော်နေပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှု သိပ်များနေပြီး စနေနေ့မှာ စံချိန်တင်သွားသလို အခု ကူးစက်ခံရသူ စုစုပေါင်း ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မျိုးတုံးလုအန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကို သားဖောက်မွေးမြူ ရောင်းဝယ်နိုင်တယ်ဆိုပြီး တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တာက အိမ်နီးချင်း တရုတ်နိုင်ငံက ဈေးကွက်ဝယ်လိုအားကို ပိုပြီး မြင့်တက်သွားစေနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံစုံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူတွေထဲမှာတော့ လက်တင်အမေရိကဒေသက နိုင်ငံခေါင်းဆောင်တွေလည်း ပါဝင်ပြီး သူတို့က ပိုးကူးစက်မှု အခြေအနေကို အသုံးချပြီး ဒီကနေ တိုင်းပြည်အတွက် အကျိုးဖြစ်စေဖို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ရေး အသိပညာပေးမှုတွေ လုပ်နေကြပါတယ်။
ဒီကနေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီ ထုတ်ပြန်တဲ့ သတင်းအရ လူနာသစ် ၄ ဦး တွေ့ရှိရပါတယ်။ ဒီကနေ့ ဓာတ်ခွဲခန်းအဖြေနဲ့ အတည်ပြုခဲ့တဲ့ လူနာသစ်အားလုံးဟာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ကြပြီး နိုင်ငံရပ်ခြားက ပြန်လာထားကြသူတွေဖြစ်လို့ အရင်ရက်တွေကတည်းက အသွားအလာ ကန့်သတ် စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုတရားမျှတတဲ့ စီးပွားရေးစနစ် ကျင့်သုံးကြဖို့ တောင်းဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘယ်နေရာက ဘယ်သူမဆို ဆင်းရဲချမ်းသာမရွေး ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းသွားပါတယ်။
မြန်မာနိုင်ငံက စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ နာမည်ကျော်မင်းသားကြီး ဦးကျော်ဟိန်း ဒီနေ့ပဲ ကွယ်လွန်သွားပါပြီ။
ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ စင်ကာပူ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ People’s Action Party (PAP) က အမတ်နေရာအများစု အနိုင်ရသွားပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူ ၂၇,၁၁၄ ယောက်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်ခဲ့ပြီး ကူးစက်သူလည်း ၈ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် ၁၇ MH17 ကို လွန်ခဲ့တဲ့ ၆ နှစ်က ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချမှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ရုရှားကို နယ်သာလန် အစိုးရက လူ့အခွင့်ရေးဆိုင်ရာ ဥရောပတရားရုံးမှာ တရားစွဲမယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ သောကြာနေ့က COVID-19 ကူးစက်သူ နောက်ထပ် ၂၄၃ ဦး ထပ်တွေ့ခဲ့ပါတယ်။ ကြာသပတေးနေ့တုန်းကလည်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၄ ယောက် ရှိခဲ့တာဖြစ်လို့ ကပ်ရောဂါ စဖြစ်ကတည်းက ကူးစက်မှုပေါင်း ၂၀၀ ကျော် ၂ ရက်ဆက် တိုက် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ဘရာဇီးလ်နိုင်ငံက အမေဇုံ သစ်တောကြီးရဲ့ သစ်တောပြုန်းတီးမှုနှုန်းက တစ်နှစ်ပြီးတစ်နှစ် ၂၅ ရာခိုင်နှုန်း မြင့်တက်လာနေ တယ်လို့ သောကြာနေ့က တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ပါရှိပါတယ်။
Apple ကုမ္ပဏီရဲ့iPhones လက်ကိုင်ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် ကုမ္ပဏီ Foxconn က အိန္ဒိယနိုင်ငံ တောင်ပိုင်း က စက်ရုံကို တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်