ရုရှားနိုင်ငံက ကမ္ဘာကျော် တင်းနစ်အလှမယ် မာရီယာရှာရာပိုဗာကတော့ တင်းနစ်ကစားတာကနေ အနားယူလိုက်ပြီလို့ ကြေငြာလိုက်ပါပြီ။ အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ ရှာရာပိုဗားဟာ သူ့အနေနဲ့ ဒဏ်ရာကြောင့် အခုလို အနားယူလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာကျော် Vogue နဲ့ Vanity Fairs မဂ္ဂဇင်းတွေက ကြေငြာလိုက်တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံံ New Delhi မြို့ မှာ အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း ဒီကနေ့ ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ အနည်းဆုံး ၂၀ လောက် ရှိပါတယ်။
အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ဲ့ဲတဲ့ Hosni Mubarak အသက် ၉၁ နှစ်မှာ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ကြောင်းကိုတော့ နိုင်ငံပိုင် ရုပ်သံသတင်းမှာ ဒီကနေ့ ကြေညာပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အခု တနင်္လာနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃၁ ဦးတိုးလာတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၃၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
အီရန်ရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာ မဲပေးသူ အရေအတွက် ၄၂ ဒသမ ၅၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပြီး ဒီပမာဏဟာဆိုရင် ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း မဲပေးသူအနည်းဆုံး အရေအတွက် ဖြစ်ပါတယ်။
အာဖဂန်-တာလီဘန်ကြား ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ထိန်းထားနိုင်တာကြောင့် ဒီအခြေအနေတွေက နောက်ဆုံးမှာ တာလီဘန်သူပုန်တွေနဲ့ ဒီသီတင်းပတ်ထဲ ငြိမ်းချမ်းရေးစာချုပ်ကို သူကိုယ်တိုင် လက်မှတ်ထိုးဖို့ကိစ္စအထိကို ဦးတည်သွားစေလိမ့်မယ်လို့ အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က ၃၆ နာရီကြာ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သန်းပေါင်းများစွာသော အိန္ဒိယပြည်သူတွေနဲ့ တွေ့ဆုံလိုကြောင်း ခရီးမထွက်ခွာခင်မှာ သမ္မတ Trump ပြောဆိုခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ စနေနေ့က ကျင်းပခဲ့တဲ့ ဒီမိုကရက်ပါတီတွင်း အကြိုရွေးကောက်ပွဲမှာတော့ Vermont အထက်လွှတ်တော်အမတ် Bernie Sanders အနိုင်ရသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ကမ်းခြေမှာ သီးခြား စောင့်ကြည့်ခံနေရတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်ကနေ ရောဂါပိုး မတွေ့ရတာကြောင့် ကမ်းဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးဆီမှာ နောက်ပိုင်းကျတော့ ရောဂါပိုးရှိနေတယ်ဆိုတာ တွေ့ရတဲ့အကြောင်း ဂျပန်နိုင်ငံက အတည်ပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံက သတိပေးချက် အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်လိုက်ပြီး ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်မှုတွေကို မကြုံဘူးလောက်အောင် ကြီးကြီးမားမား လုပ်ဆောင်ကြဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။
တောင်ဆူဒန်နိုင်ငံမှာ စနေနေ့က ပြိုင်ဘက် နိုင်ငံရေးခေါင်းဆောင် ၂ ဦးကြား ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းလိုက်နိုင်တာဟာဆိုရင် ပြည်တွင်းစစ်ဒဏ်ကနေ နိုင်ငံရေးလမ်းကြောင်းသစ်တရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေရာ ဟူးဘေပြည်နယ်တွင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၆ ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြည်နယ်ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်လိုက်တာကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလထဲ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးချယ်ဖို့ Nevada ပြည်နယ်မှာ စနေနေ့က ပဏာမရွေးကောက်ပွဲ ကျင်းပရာမှာ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders က ဦးဆောင်နေပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ လျော့ကျလာပေမယ့် အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ နောက်ထပ် ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေပါတယ်။
နီဗားဒါးပြည်နယ် လူထုစစ်တမ်းတွေအရ မဲဆန္ဒရှင်တွေ သဘောအကျဆုံးကတော့ ဗားမောင့်ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders ဖြစ်ပြီး အခြားကိုယ်စားလှယ်တွေထက် အသာစီးရနေတာကို တွေ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ ပြသခြင်းမရှိတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က အမျိုးသမီးတဦးဆီကနေ သူ့ရဲ့ ဆွေမျိုးတွေဆီ သွားလည်စဉ်မှာ ဆွေမျိုး ၅ ယောက် ထပ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာဟာ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ၆ ဆ တိုးသွားတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။
၂၀၂၀ ပြည့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်မဲဆွယ်နေ သူတွေရဲ့ ဗုဒ္ဓဟူးနေ့ည နီးဗားဒါးပြည်နယ် စကားစစ်ထိုးပွဲမှာ ကိုယ်စားလှယ်လောင်း ခြောက်ဦးကြား တယောက်ပေါ်တယောက် အခြေအတင် ထိုးနှက် ဝေဖန်ခဲ့ကြပါတယ်။
(Zawgyi / Unicode) အီဘိုလာ ရောဂါ ကုသရာမှာ အသုံးပြုတဲ့ဆေးတမျိုးက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါကို ကုသနိုင်မလားဆိုတာကို တရုတ် အစိုးရနဲ့ ပူးပေါင်းပြီး စမ်းသပ်စစ်ဆေးနေတယ်လို့ အမေရိကန်နိုင်ငံက ဇီဝနည်းပညာဆိုင်ရာ Gilead Sciences က ပြောပါတယ်။
(Zawgyi / Unicode) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်အရ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထိပ်တန်းတာဝန်ရှိသူတဦး ဗုဒ္ဓဟူးနေ့က ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်