ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ ခုခံချေပလွှာ တင်ပြဖို့ နောက်ဆုံးရက်ကို နောက်နှစ်အထိ ရွှေ့ပေးဖို့ မြန်မာစစ်ကောင်စီဖက်က ပန်ကြားခဲ့ပေမယ့်၊ တရားရုံးဖက်က တလပဲအချိန်တိုးပေးခဲ့ပါတယ်။ အချက်အလက်တွေ ပိုခိုင်မာစေဖို့ အချိန်တိုးတောင်းတာလို့ စစ်ကောင်စီကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲ စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ရွာ ၂၀ နီးပါးကဒေသခံတွေ တိမ်းရှောင်နေရသလို ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးလည်းကျဆုံးခဲ့ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ် မကြီးကန်ကျေးရွာမှာလည်း အသက်မပြည့်သေးတဲ့ကလေးငယ်တဦးရဲ့ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။
ပုလဲမြို့ တနယ်ကျေးရွာ အနောက်ဖက်မှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်စခန်းကို စစ်တပ်က ဝင်စီးတာမှာ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သေဆုံးတာတွေ ရှိခဲ့ပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေး စခန်းငယ်တခု စီးနင်း ခံခဲ့ရပါသေးတယ်။ စခန်းကို ဝင်ရောက်စီးနင်းတာဟာ သတင်းပေး ဒလံကြောင့်လို့ ယူဆကြောင်း ပြောပါတယ်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းခံထားရတဲ့ ကာလထဲ ငွေကြေး မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေကြောင့် အများစု နလန် မထူနိုင်သေးပါဘူး။ ရပ်ဆိုင်းထားတဲ့ လုပ်ငန်းခွင်တွေ အများအပြားရှိကြောင်း ကန်ထရိုက်လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့ တမူး-ကလေး ကားလမ်းမှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေလည်း သိမ်းယူရရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
မလေးရှားမှာ နိုင်ငံခြားသားနေထိုင်ခွင့် ပါမစ်ထုတ်ပေးတာကို ၂၀၂၂ ခုနှစ် မတ်လမှာ ရပ်နားထားရာကနေ အခု ပြန်ထုတ်ပေးနေပါပြီ။ ဒီလို ပါမစ်အသစ် ပြန်လျှောက်တာမှာ ငွေကြေးလိမ်လည်သူတွေ အများအပြားရှိတဲ့အတွက် ပါမစ်လျှောက်မယ်ဆိုရင် အာမခံချက်ရှိတဲ့ ကုမ္ပဏီအလုပ်ရှင်နဲ့ လျှောက်ထားဖို့ မြန်မာအဖွဲ့အစည်းတွေက သတိပေးနေပါတယ်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် မှာ ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ ရေရှင်ရွာသားတွေဟာ တောထဲမှာ စစ်ဘေးရှောင်နေကြရတာ တနှစ်ခွဲလာက်ရှိနေပါပြီ။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုရဲမွန် က ပြောပြမှာပါ။
စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်တွင်း ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေတချို့ တိုက်ခိုက်ခံခဲ့ရသလို၊ မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာတော့ စစ်ကောင်စီကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန် က ပြောပြမှာပါ။
ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာလအတွင်း ကျေးရွာ ၉ ရွာ မီးရှို့ခံခဲ့ရပြီး ဒေသခံ ၅ ဦး သတ်ခံခဲ့ရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးသူတွေက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁ ရက် မနေ့ကလည်း ကွင်းကိုးကြံစိုက်ပျိုးရေးတပ်ကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံကူး လက်မှတ်ရုံးတွေမှာ ပတ်စ်ပို့စ် စာအုပ်ထုတ်ပေးတာကို ခေတ္တရပ်ထားမယ်လို့ ရုံးခွဲအသီးသီးမှာ ကြေညာထားပါတယ်။ ရန်ုကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုရဲမွန် က ပြောပြမှာပါ။
နေပြည်တော်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ကြာသပတေးနေ့က မှတ်တမ်း ၅ချက်နဲ့ သဘောတူညီချက် ၄ချက် ရရှိခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုရဲမွန် က တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ ၁၀ ရက်အတွင်း ကျေးရွာ ၁၈ ရွာက နေအိမ်တွေ ရာချီ မီးရှို့ခံခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီပဲယင်းမြို့နယ်ထဲက အခြေအနေတွေကို ကိုရဲမွန် ကပြောပြပါမယ်။
စစ်ရေးတင်းမားနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ တလအတွင်း အရပ်သား ၂ဦးသေ၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။ ကယားအခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားတာ ကို ကိုရဲမွန် က ပြောပြပေးမှာပါ။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်အတွင်း ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်ကျွမ်းပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ မီးဘေးသင့်နေတဲ့အကြောင်း အကူအညီပေးနေသူတွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ထဲက ပျားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဧရာဝတီသတင်းဌာန ပြည်တွင်း ထုတ်ဝေခွင့်လိုင်စင်မှာ ထုတ်ဝေသူဖြစ်တဲ့ ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းဝင်းကို စစ်ကောင်စီက ထောင်ဒဏ် တသက်ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာပါ။
စစ်ကိုင်းတိုင်းက မြို့နယ်အတော်တော်များများမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေး တွေကြောင့် ဒေသခံ ကျေးရွာတွေတော်တော်များ ဘေးလွတ်ရာကို ထွက်ပြေးနေပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့အတွက် စိုက်ပျိုးရေးနဲ့ စီးပွားရေးကို ကောင်းကောင်း မလုပ်နိုင်ကြတဲ့ အခြေအနေတွေ ဖြစ်နေကြပါတယ်။
စစ်ကောင်စီက ရှေ့နှစ်ကျင်းပမယ်လို့ဆိုတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမယ်လို့ ပြောဆိုထားပေမဲ့ နိုင်ငံရေး ပါတီတွေကြားမှာတော့ သဘောထား အမျိုးမျိုး ရှိနေကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ အချိန်ကြာလာတာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်၊ နေထိုင်ရေးတို့မှာ ပိုအခက်တွေ့လာရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်