ထိုင်ဝမ်ကျွန်းအနီးတဝိုက် တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လာနေချိန်မှာ ထိုင်ဝမ်ကျွန်းက လူထုကြားမှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးက ကင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်း တပ်စွဲထားပြီး ဒေသခံကျေးရွာသားတွေ ရွာထဲမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတချို့မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံလက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိနေပြီး နေအိမ်တွေ မီးရှို့ ခံရကာ လေကြောင်းကနေပါ ပစ်ခတ်တာတွေရှိသလို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီရေယာဉ်တွေနဲ့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကျေးရွာတွေမီးရှို့ခံရတာရှိသလို အရပ်သားတွေထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက အခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။
ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် တထောင်ကျော် စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုရဲမွန် က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်နဲ့ အင်းတော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံရွာသူ ရွာသားတွေ တိမ်းရှောင်ထွက်ပြေးနေကြသလို နေအိမ်တွင်းရှိ ပစ္စည်းတွေနဲ့ ဆိုင်ကယ်အချို့လည်း ဖျက်ဆီးခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဇွန်လ ၆ ရက်နဲ့ ၇ ရက် ၂ ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားပြီး နေအိမ်တွေမီးရှို့ခံရသလို အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ မင်းကင်းမြို့နယ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် အရပ်သား ၉၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဇူလိုင်လထဲမှာ မြို့အသီးသီးရဲ့ မြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်နိုင်ပြီး မိုးလယ်ကာလ မုတ်သုံလေအားကောင်းတာရဲ့ နောက်ဆက်တွဲ မိုးကြီးလေပြင်းတိုက်နိုင်တဲ့ အခြေအနေတွေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်း ကိုရဲမွန် ပြောပြမှာပါ။
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အပိုင် မယ်ဇလီကြိုးတံတားထိပ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် (၁၀) ဦးထက် မနည်းသေဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ၁ ဦးသေဆုံးခဲ့ပါတယ်။
ရှမ်းနဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသကာကွယ်ရေးပူပေါင်းတပ်တွေအကြား လနဲ့ချီဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သိန်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်တာကြောင့် ဆေးရုံတွေမှာ ဝန်ထမ်းအင်အား နည်းပါးခဲ့တာရဲ့ အကျိုးဆက်က ကိုဗစ်တတိယလှိုင်းမှာ တော်တော် ခံခဲ့ရသလို၊ အခု အာဏာသိမ်းခဲ့တဲ့ ၂ နှစ်အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဟာ ထင်သလောက် မလည်ပတ်နိုင်သေးပါဘူး။
အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး အပါအဝင် စက်ရုံလုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကိုကို တိမ်းရှောင်လိုကြတဲ့ ရန်ကုန်တိုင်း စက်မှုဇုံတွေက လုပ်ငန်းရှင် အများစုဟာ အမြဲတမ်းဝန်ထမ်းတွေ နေရာမှာ အချိန်ပိုင်း နေ့စားအလုပ်သားတွေကို လုပ်ခလစာနည်းနည်းနဲ့ အစားထိုးခန့်လာကြပါတယ်။
ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ကလေးလုပ်သားပပျောက်ဖို့ ကမ္ဘာ့နိုင်ငံတွေအကြား လုပ်ဆောင်မှုတွေ တိုးတက်ခဲ့ပေမဲ့လည်း ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရသလို ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးနဲ့ကျန်းမာရေး အခြေအနေတွေက ကလေးတွေကို လုပ်ငန်းခွင်ထဲပြန်ရောက်အောင် တွန်းပို့နေပါတယ်။
စစ်ကောင်စီ နယ်မြေရှင်းလင်းမှုတွေ အတွင်း မြောင်မြို့နယ်မှာ မေလအတွင်း ကျေးရွာ ၁၆ ရွာ မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁,၅၀၀ ခန့် မီးဘေးသင့်ခဲ့တယ်လို့ မြောင်မြို့နယ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဦးစည်သူအောင်မြင့်က သူ့အပေါ် စွဲဆိုထားတဲ့အမှုမှာ သူဘက်က သက်သေလိုက်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ ဥပဒေနဲ့အညီ တရားဝင်သတင်းလုပ်ငန်းလုပ်ကိုင်နေသူတဦးဆိုတာကို ဖော်ပြဖို့အတွက် အခုလို တင်ပြတာလို့ ရှေ့နေတွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲအခြေအနေတွေကြောင့် ဘေးလွတ်ရာကို ပြေးရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း မိုးကြီး လေပြင်းဒဏ်တွေကြောင့်၊ ယာယီတဲအိမ်တွေပြိုကျပြီး နေထိုင်ရေးအခက်ကြုံနေရပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တာ ကိုရဲမွန် ပြောပြပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မြို့နယ်တွင်း မလဲသာကျေးရွာမှာ နေအိမ် (၇၀၀)နီးပါး မီးရှို့ဖျက်ဆီးခံရပြီးတဲ့နောက်၊ ဒေသခံတွေဟာ နေထိုင်ရေး အခက်အခဲတွေ ရှိနေပါတယ်။ ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာလည်း မြင်းမူမြို့နယ်က ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ ဒေသခံကာကွယ်ရေး PDFအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ သေဆုံးတာတွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ တိုက်ပွဲအခြေအနေတွေ ကိုရဲမွန် ကပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်