ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေကနေ မြန်မာစစ်တပ်က တပ်ရင်းမှူး တဦးအပါအဝင် တပ်မတော်သား ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်နေသလို အရပ်သားတွေ ထိခိုက်မှုတွေလည်း များပြားနေပါတယ်။ မနေ့ကလည်း စစ်တွေမြို့အနီး ကျောက်တန်းကြီး စစ်ဆေးရေးဂိတ်မှာ ပုဏ္ဏားကျွန်းမြို့နယ်မှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်း တဦး သေနတ်နဲ့ ပစ်ခတ်ခံခဲရပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်ဒေသ ဘက်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေ ရှိ နေပါတယ်။
ရခိုင်မြောက်ပိုင်းက မြို့နယ်တစ်ချို့နဲ့ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း တိုက်ပွဲ တွေကြောင့် ရေလမ်း ပြန်ပိတ်သွားပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ မြောက်ဦးမြို့နယ်ထဲမှာ အခု ရက်ပိုင်းအတွင်း အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။
အင်တာနက်လိုင်း ဖြတ်တောက်တာ ခံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၃ ခုလောက်မှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်နေကြတယ်လို့ AA အဖွဲ့ က ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ တသိန်းခွဲ ကျော်လာပြီဖြစ်သလို စစ်ရှောင်စခန်း ၂၀ လောက်မှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲအသီးသီးဖြေဆိုဖို့ အခက်တွေ့နေကြရပါတယ်။
ရမ်းဗြဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားတာ ၁၀ ရက်ကျော်ကြာတဲ့အထိ ဘယ်အဖွဲ့က ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။
ပလက်ဝမြို့နယ်နဲ့ ရခိုင်မြို့နယ် မြို့နယ်သုံးခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး အပြင်းအထန် ဆက်ဖြစ်နေဆဲပါ။ တိုက်ပွဲရန်ကနေ ဘေးလွတ်ရာ ထွက်ပြေးရသူ အရပ်သားအရေအတွက် ပိုတိုးလာသလို တိုက်ပွဲအတွင်း ပိတ်မိနေသူတွေလည်း ရှိပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ တပ်မတော်က စားနပ်ရိက္ခာ သယ်ယူခွင့် တားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်စခန်းတချို့မှာ စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်မှာ သီတင်းနှစ်ပတ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် ၄၀,၀၀၀ နီးပါးအထိ ရှိလာတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမယ့် ကျောင်းသားတွေ တခြား မြို့တွေမှာ သွားဖြေကြရမှာကြောင့် အခက်အခဲကြုံနေရပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးမပေးနိုင်တဲ့အတွက် အခုလို မြို့ပြောင်းပြီး စာမေးပွဲဖြေကြရမှာပါ။
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေ ရသူတွေအတွက် အစိုးရက ဆောက်ပေးထားတဲ့ စခန်းတွေမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ သွားမနေကြပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ရက်နေ့က ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ကိုဇေယျာမင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ဇနီးက ပြောပါတယ်။
အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ ကြာသပတေးနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းနဲ့ နှစ်ဖာလုံ လောက်အကွာမှာ ပြန်လည်နေရချထားဖို့ အစိုးရစီစဉ်နေပေမယ့် ရိုဟင်ဂျာတွေကတော့ သူတို့နေထိုင်ခဲ့တဲ့ မူလနေရာမှာ ပြန်လည်နေရာချထားဖို့ တောင်းဆိုနေကြပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောအပါအဝင် မြို့နယ် ရှစ်ခုမှာ တနင်္လာနေ့က စပြီး အင်တာနက် ဆက်သွယ်ရေး ယာယီ ပိတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်ပြည်က ပြန်လာတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ချင်းအမျိုးသား တဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု သံသယလူနာအဖြစ် မင်းပြားဆေးရုံ သီးသန့်လူနာဆောင်မှာ ထားပြီး စောင့်ကြည့်နေပါတယ်။
ရခိုင်လက်နက်ကိုင် AAအဖွဲ့ နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း AA က နှစ်လ ကျော်ကြာဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေထဲက သက်ကြီးပိုင်း တပ်ကြပ် နှစ်ဦးကို ဒီကနေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်