ထိုင်းနိင်ငံ ရနောင်းမြို့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ပြစ်ဒဏ်ကျခံပြီးနောက် ဌာနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက အမျိုးသားတွေ စစ်သားစုဆောင်းခံရကြောင်း မိသားစုဝင်တွေက ပြောကြပါတယ်။
မြန်မာအလုပ်သမား ၃၀ဆန္ဒပြတောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က ထိုင်းရဲတွေ လုံခြုံရေးတွေ ခေါ် တားဆီးရိုက်နှက်ပြီး ဦးဆောင်သူလို့ ယူဆသူလေးဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
မြန်မာနိုင်ငံကိုပြန်လို့မရတဲ့တက်ကြွလှုပ်ရှားသူတွေကိုတော့ G1-99 ဗီဇာတွေဆက်ပြီးနေထိုင်ခွင့်ပေးတဲ့အတွက် တောင်ကိုရီးယားမှာနေထိုင်ခွင့်တော့ဆက်ရရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။
“မာနယ်ပလောနဲ့တဆက်တစပ်တည်း အဲဒီစခန်းက မနေ့က KNLA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာပါ။ နှစ် ၃၀ ကျော်သူတို့တပ်စွဲထားတာပါ။ KNU ပြိုကွဲချိန်က စစ်တပ်နဲ့ DKBA ပေါင်းပြီး ထိုင်ထားတဲ့ စခန်းပေါ့။ အခုချိန်မှာတော့ ကျနော်တို့ဘက်က ထိုးစစ်ဆင်ပြီး အဲဒီစခန်းကိုပြန်သိမ်းလိုက်တာပါ။” (ပူးပေါင်းတပ်ဖွဲ့ခေါင်းဆောင်)
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး တရားမဝင်အထောက်အထားမဲ့တွေအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်လုပ်ငန်းစဉ် စတင်တော့မယ်လို့ ထိုင်းအစိုးရကကြေငြာခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ ရနောင်းခရိုင်အတွင်းမှာ အလုံပိတ် ၆ ဘီးကားကြီးတစီးထဲမှာ သယ်ဆောင်လာတဲ့မြန်မာနိုင်ငံသား ၇၀နီးပါးကို ဒီဇင်ဘာလ ၁၅ရက်နေ့မနက် ၄နာရီလောက်မှာ ဖမ်းမိတယ်လို့ ရနောင်းလူဝင်မှှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီ ပျော်ပဲွရွှင်ပဲွပြုလုပ်နေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်ခဲွ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု ခံယူနေရသူ ၆ ဦးရှိပါတယ်။
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသကနေ လာပြီး ထိုင်းနိုင်ငံကမ်ချနဘူရီ ခရိုင် စံခရဘူရီမြို့နယ်ထဲဝင်ရောက်လာတဲ့တရားမဝင် မြန်မာ ၅၀ကို ဒီဇင်ဘာ ၃ရက်နေ့ တညထဲမှာပဲဖမ်းမိတယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက အာရှလမ်းအပါအဝင် ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်း၊ ရန်ကုတ်၊ ကောင်းမှု၊ အောက်ဘိုတဲ၊ ကမိုင်ကုန်း စတဲ့နေရာတွေ မှာ စစ်ကောင်စီ BGF တွေနဲ့ KNLA/PDF တွေဟာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်က ပူးပေါင်းပါဝင်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ် ။
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့ မဲဆောက်ကနေ မြန်မာနိုင်ငံ မြဝတီမြို့ဘက်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပေးထားတဲ့ တရားမဝင် အင်တာနက် ကေဘယ်လိုင်း ကြိုး ၁၆ ကြိုးကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီဇင်ဘာလ၂ရက်နေ့မှာ ဆင့်ခေါ်ပြီး ထိုင်းနိုင်ငံသား ၄ဦးကိုပြန်လွှတ်ပေးဖို့တောင်းဆိုတာတွေရှိပေမယ့် မြန်မာရေလုပ်သား ၂၇ ဦးကိစ္စကိုတော့ တောင်းဆိုတာမတွေ့ရဘူးလို့အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။
တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအပါအဝင်အလုပ်သမား ၆ဦးဟာနိုဝင်ဘာလ ၂၉ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးမှုအတွက် အလုပ်ရှင်ဘက်က နစ်နာကြေး ဘတ်ငွေ ၈သိန်း၆သောင်းကျော်ကနေ ဘတ်ငွေ တသန်းထိပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက် ၄ နာရီကျော်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင် နဒီမြို့နယ်က ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံလမ်းမကြီး ကွန်ကရစ်တိုင်ပြိုကျခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော်အထိ ဒဏ်ရာအပြင်းထန်ရခဲ့ကြပါတယ်။
ကရင်ပြည် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး စစ်ကောင်စီတပ်တွေနဲ့ KNLA နဲ့ ပူးပေါင်း တပ်တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက နောက်ထပ် တပ် အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေပြင်းထန်မယ့် အလားအလာတွေ ရှိနေတယ် လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
မြန်မာနိင်ငံနယ်စပ် မြဝတီခရိုင်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ ထိုင်းနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာကြတဲ့ နိုင်ငံခြားသား ၃၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး၊ဖာပွန်ခရိုင် ဒေသအခေါ် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ စခန်းကြီးတခုဖြစ်တဲ့ စကခ(၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်များတပ်စွဲထားတဲ့ မထောစခန်း ကို KNLA/PDF စတဲ့ ပူပေါင်းတပ်တွေက နိုဝင်ဘာလ၂၂ရက်နေ့က သိမ်းပိုက်လိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ဘန်လန်မြို့နယ်မှာ မနေ့နှောင်းပိုင်း ရဲတပ်ဖွဲ့ကစစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးခဲ့တဲ့ကားတစင်း လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိရာက ကားပေါ်မှာပါလာတဲ့ မြန်မာ ၇ ဦး သေဆုံးသွားပါတယ်။
ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတား(၂)ကို ဖြတ်ပြီး ထိုင်းဘက်ကို ပြန်လာတဲ့ ထိုင်းကုန်ကားတစီးအောက် သစ်သားအံဝှက်ထဲမှာ ပုန်းပြီးလိုက်လာတဲ့မြန်မာ ၈ဦးနဲ့ ၊ တာ့ခ် ခရိုင် ဖွတ်ဖရမြို့နယ်ကနေ မလေးရှားထိသွားကြမယ့် မြန်မာ၁၈ဦး စုစုပေါင်း ၂၆ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားမဝင်ခိုးဝင်မှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး မြန်မာပြည်ဘက်ပြန်ပို့လိုက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၆ ဦးကို စစ်မှုထမ်းဖို့စစ်ကောင်စီက ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်