ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ၊ ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်နေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ထွက်ခွာပေးကြဖို့ မေလ ၁၅ရက်နေ့က နယ်ခြားစောင့်တပ် BGF က လိုက်လံနှိုးဆော်တာ၊ ပိုစတာတွေကပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆု Women in News Editorial Leadership Award ကို အရှေ့တောင်အာရှကိုယ်စားကိုယ်စားပြုပြီး ကရင်သတင်းဌာန (KIC)က ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်နေတဲ့ နန်းဖော့ဂေရရှိခဲ့ပါတယ်။
ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မကြာသေးခင်က မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသက မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ကို ထိန်းချုပ်ဖို့ နဲ့ ထိုင်းလေတပ်ကြည်းတပ် တာဝန်ရှိသူတွေက နယ်စပ်လုံခြုံရေးကိုကိုင်တွယ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavision က မေလ ၁၂ရက်နေ့က ကန်ချနဘူရီခရိုင် ကိုလာရောက်ချိန် ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ် ဘီးလင်းနဲ့သထုံမြို့နယ်ကြားက ကျုံအိတ်တံတား မေလ ၁၁ ရက်နေ့မနက်က မိုင်းခွဲခံရပါတယ်။ အဲဒီဖြစ်စဥ်နောက်မှာ စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် အဝန်းကြီးကျေးရွာမှာလက်နက်ကြီးတွေကျပြီး ဒေသခံရွာသား ၂ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာတွေလည်းရခဲ့ပါတယ်။
မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာမေလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ မိုင်းခွဲခံရကြောင်း ဒီအတွက် ကားတွေလည်း ပိတ်မိနေပြီး ကားအသွားအလာတွေ မရတော့ကြောင်း ကုန်သည်တဦးက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရှိရာ ကုက္ကိုမြို့ကို ထိုင်းဘက်က အင်တာနက်နဲ့ မိုဘိုင်းဖုန်း Signal ကေဘယ်လိုင်းတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က မေလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ထိမ်းချုပ်နယ်မြေ ဒေသအခေါ် ကစယ်ဒိုမြို့နယ် (သရက်ချောင်း) ထဲက ပဲဒက် စစ်ကောင်စီတပ်စခန်းကို မေလ ၈ ရက် မနေ့ မနက်က KNLA နဲ့PDF ပူးပေါင်းတပ်တွေ ဝင်ရောက် သိမ်းပိုက်တာမှာ စစ်ကောင်စီတပ်သား ၂၀ကျော် လက်နက်ချ အညံ့ခံခဲသလို တချို့လည်းထွက်ပြေးခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာ ၁၂ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ မေလ ၇ ရက်နေ့မနက်က တိမ်းမှောက်ပြီး လမ်းဘေးကိုထိုးကျသွားခဲ့ရာမှာ ၃ ဦးက ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
အယောင်ပြထုတ်တာပဲဖြစ်နိုင်တာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့ထဲမှာပဲ သိမ်းထားဖွက်ထားမှာပဲလေ။ ဘယ်နည်းနဲ့မှ ပြန်လွှတ်မှာမဟုတ်ဘူး သူတို့ကဒါနဲ့ ငွေရှာတဲ့လုပ်ငန်းတွေချည်းပဲ၊ နိုင်ငံတကာက ဖိအားပေးတယ် ကျားဖြန့်အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ဖမ်းပေးဖို့ အစီစဉ်တွေလုပ်တဲ့အခါမှာပေါ့ ဒီမှာ မြ၀တီမှာ အကုန်လုံး လာပုံနေတာ။
၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့ကြပါတယ်။
တော်လှန်ရေး အင်အားစုတွေ မကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို လာရောက်ခိုလှုံခဲ့သူတွေ နေရပ်ပြန်ဖို့ လုပ်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။
"ဒီနေ့ပြန်တာကတော့ ကျွဲခြံနေရာက ၂,၀၀၀ လောက်ရှိတဲ့ဒုက္ခသည်က။ အရင်နေ့ကလည်း ပြန်ကြတယ်။ လူ ၅၀၀ ကျော်လောက်က ဒီနေ့ နေ့လည် ၁၂ နာရီလောက် အကုန်လုံးပြန်ုပို့လိုက်တယ်။ ကျနော်တို့သိသလောက်ကတော့ ထိုင်းဘက်ခြမ်းမှာတော့ မကျန်တော့ဘူး။"(စစ်ဘေးရှောင်ကူညီသူတဦး)
"သိက္ခာမကျသွားအောင် စစ်တပ်က အဲဒီ (ခလရ ၂၇၅ စခန်းကုန်း) မှာ အလံ တက်ထောင်လို့ရပြီ ဆိုပြီး နှစ်ယောက် သုံးယောက်လောက်က တက်ထောင်လိုက်တာပဲ။ စစ်တပ်က တံတားအောက်ကိုရောက်ပြီးကတည်းက အဲဒီကုန်းမှာ တယောက်မှလည်း မထိုင်ရဲတော့ဘူး။ အဲဒီကုန်းပေါ်မှာအလံထောင်လို့ရပြီဆိုပြီးတော့ အလံပဲသွားထောင်တာပါ။" (ဒေသခံ)
စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲလျော့ကျလာတဲ့အတွက် အမှတ်(၂) ချစ်ကြည်ရေးတံတားနားမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မနက်ပိုင်းမှာနေ ရပ် ပြန်သွားကြကြောင်း စစ်ဘေးရှောင်ကူညီနေတဲ့ ဦးဇော်ထွန်းက ဗွီအိုအေကိုပြောပါတယ်။
မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ချစ်ကြည်ရေးတံတား၂ နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တနေ့လုံးတိုက်ခိုက်နေပြီး စနေညပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ နယ်စပ်နေပြည်သူတဦးကပြောပြပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီလ ၂၀ ရက်နေ့ညက ညလုံးပေါက် တိုက်ပွဲကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်