သြစတြေးလျ၊ အမေရိကန်နဲ့ဗြိတိန်ကြားက အမေရိကန်ကနည်းပညာနဲ့ ရေငုပ်သင်္ဘောတည်ဆောက်ရေးစီမံကိန်းအရ ပြင်သစ်ဆီက ဒီဇယ်နဲ့လျှပ်စစ်ဝယ်ယူရေးသဘောတူညီချက်ပျက်ခဲ့တာကြောင့် ပြင်သစ်ရဲ့ မကျေနပ်မှုကိုပြေလည်ရေးပင်သစ်အစိုးရအရာရှိတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါရီမြို့တော်မှာ တွေ့ခဲ့ကြပါတယ်။
"တိုင်းပြည်ကိုကယ်တင်ဖို့ မကူညီချင်ဘူးဆိုရင် ဖျက်ဆီးတာမျိုးမဖြစ်ရအောင် လမ်းပိတ်မထားပါနဲ့" (Joe Biden ၊ အမေရိကန်သမ္မတ)
အကြမ်းဖက်မှုနဲ့ အမုန်းတရားတွေဖြစ်လာအောင် Facebook နဲ့ Instagram လူမှုကွန်ရက်တွေကို အသုံးချ လှုံ့ဆော်နေတာကို ကုမ္ပဏီအကြီးအကဲတွေက သိပေမယ့် ကုမ္ပဏီရဲ့အကျိုးအမြတ်ကို ရှေ့တန်းတင်ပြီး မသိကျိုးကျွံပြုခဲ့တယ်လို့ ပြောလိုက်တဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း Frances Haugen ဟာ ဒီကနေ့ အမေရိကန်အထက်လွှတ်တော်မှာ တင်ပြဖို့ရှိပါတယ်။
ဂျပန်ဝန်ကြီးချုပ်စဟ် Kishida ဟာ သိမ်မွေ့ပြီးပါတီ ခေါင်းဆောင်နေရာအတွက် မဲဆွယ်ခဲ့ရာမှာ လကျာ်ဘက်ကို ယိမ်းလာခဲ့တယ်လို့ ဆိုကြပေမဲ့ နိုင်ငံခြားရေးမူဝါဒသစ်မှာ တရုတ်အပေါ် အခိုင်အမာရပ်တည်ခဲ့တဲ့ အာဘေးရဲ့အယူအဆတွေကို အခြေခံအားဖြင့် ဆက် ယူထားလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲ နှစ်နိုင်ငံဆက်သွယ်ရေး အထူးလမ်းကြောင်းတခုထားရှိဖို့ သဘောတူ လက်မှတ်ထိုးခဲ့ပြီးနောက် သြဂုတ်လထဲမှာ မြောက်ကိုရီးယားဘက်က အဆက်သွယ်ဖြတ်သွားခဲ့ရာကနေ အခုတော့ နှစ်နိုင်ငံအကြား အရေးပေါ်ဆက်သွယ်ရေးကို တနင်္လာနေ့မှာပဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
တနင်္ဂနွေနေ့တုန်းက ကဘူးမြို့တော်ရဲ့အဓိက ဗလီတခုဖြစ်တဲ့ Eid Gah ဗလီရဲ့အပြင်ဘက်မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ကဘူးမြို့တော်မှာခိုအောင်းနေတဲ့ IS-IS K အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့က အဖွဲ့ဝင်တွေကို တိုက်ခိုက်ဖျက်ဆီး သုတ်သင်လိုက်ကြောင်း တာလီဘန် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။
အပူနဲ့ထိတွေ့မှုဆိုင်ရာ အာရုံခံ နာဗ့်ကြောတွေကို ဖော်ထုတ်တွေ့ရှိခဲ့ကြတဲ့ အမေရိကန် သိပ္ပံပညာရှင်တွေဖြစ်ကြတဲ့ David Julius နဲ့ Ardem Patapoutian တို့ နှစ်ယောက်က ဆေး ပညာဆိုင်ရာ နိုဘယ်ဆု ရရှိသွားကြပါတယ်
အရှေ့တောင်အာရှအသင်းကြီးကချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တစုံတရာ ထူးထူးခြားခြား တိုးတက်လာအောင် လုပ်ဆောင်တာမတွေ့ရတဲ့အတွက် စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကအရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ ဒီနေ့ တနင်္လာနေ့မှာ ပြောပါတယ်။
ကမ္ဘာတလွှားက ခေါင်းဆောင်တွေဟာ နိုင်ငံရပ်ခြားတွေမှာ သူတို့ ပိုင်ဆိုင်မှုတွေကို မြှုပ်နှံထားကြတယ်လို့ သန်းပေါင်းများစွာသော စာရွက်စာတမ်းတွေကို မွှေနှောက် စစ်ဆေးပြီး စုံစမ်းဖော်ထုတ်တင်ပြတဲ့ သတင်းသမားများရဲ့ နိုင်ငံတကာအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
မြန်မာအားကစားလောကရဲ့ ဂုဏ်ထူးဆောင်နိုင်ခဲ့ပြီး အာရှပြိုင်ပွဲမှာ ရွှေ ၁ ခု နဲ့ အရှေ့တောင်အာရှပြိုင်ပွဲက ရွှေ ၁၀ ခုအပါအဝင် ရွှေတံဆိပ် ၃၀ ရယူနိုင်ပေးနိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားဟောင်း ဒေါ်ခင်ခင်ထွေးဟာ စက်တင်ဘာ ၃၀ ရက်နေ့က အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင် Mohib Ullah အသတ်ခံရမှုကို စုံစမ်းစစ်ဆေး၊ အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တာဝန်ရှိသူတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဆေးကုမ္ပဏီတခုဖြစ်တဲ့ Merck က သူတို့စမ်းသပ်နေတဲ့ COVID-19 ကပ်ရောဂါအတွက် သောက်ဆေးကို coronavirus ပိုး လတ်တလောကူးစက်နေသူတွေနဲ့ စမ်းသပ်ခဲ့တာမှာ ဆေးရုံတင်ရမှုနဲ့သေဆုံးမှု ထက်ဝက်လျှော့ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
“သတင်းထောက်များနဲ့ပတ်သက်လို့ကတော့ သတင်းထောက်များသည် သတင်းထောက်အလုပ်ကိုသာ မျှမျှတတ လုပ်တယ်ဆိုရင် ဖမ်းဆီးစစ်ဆေးစရာ အကြောင်းမရှိပါဘူး။ သူ့အနေနဲ့ကတော့ သတင်းထောက်လုပ်ငန်းတွေထက် ကျော်လွန်ဆောင်ရွက်ခဲ့တာတွေ ရှိလို့ စစ်ဆေးခဲ့တာ ရှိပါတယ်။” (ဗိုလ်ချုပ် ဇော်မင်းထွန်း)
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ မှာ ဒီကနေ့ နောက်ဆုံး ပိုးစစ်ဆေးသူ ၁၈၃၀၄ ခု ရှိခဲ့ပြီး ပိုးတွေ့သူ ၁,၄၆၈ ဦး ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဖေ့စ်ဘုတ်ဆီကနေ တောင်းခံတဲ့ အချက်အလက်အကုန်လုံးကို ဖေ့စ်ဘုတ်ကမပေးပေမယ့် တချို့အချက်အလက်တွေကိုပေးဖို့ သဘောတူထားတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က ဗွီအိုအေကိုပြောပါတယ်။
မန္တလေးမြို့ ဘုန်းကြီးကျောင်းတွေမှာ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတော်တွေကို ရှာဖွေဖမ်းဆီးတာမှာ သံဃာ ၃ ပါး၊ လူနှစ်ဦး အဖမ်းခံခဲ့ရပြီး ကား၊ ဆိုင်ကယ်၊ ဖုံး၊ ကွန်ပြူတာတွေနဲ့တကွ ငွေတွေကိုပါ သိမ်းသွားကြောင်း ကိုယ်တိုင်လွတ်အောင်ပုန်းရှောင်ခဲ့ရသူ သံဃာတပါးက ဗွီအိုအေကို ပြောပါတယ်။
ဂျပန်အာဏာရပါတီက Fumio Kushida ကို ပါတီခေါင်းဆောင်အဖြစ် ဗုဒ္ဓဟူးနေ့ မှာ တင်မြှောက်လိုက်ကြတဲ့ အတွက် ဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်ဖို့ ကူရှီဒါအတွက် နောက်တဆင့် နီးစပ်သွားပြီ ဖြစ်ပါတယ်။
သမ္မတဟောင်းထရမ့်ပ်ရဲ့သက်တမ်း နောက်ဆုံးသီတင်းပတ်တွေအကြောင်း Peril ဆိုတဲ့စာအုပ်ထွက်လာပြီး ဗိုလ်ချုပ်ကြီး Milley က တရုတ်စစ်တပ်ကို ဖုံးဆက်သွယ်ခဲ့မှုဟာ စစ်ဘက်က အရပ်ဘက်ထိန်းချုပ်မှုအောက် မှာ ရှိရမယ်ဆိုတဲ့ အမေရိကန်ရဲ့အစဉ်အလာကို ချိုးဖောက်တာလို့ သတ်မှတ်ပြီး ထုတ်ပစ်ဖို့ ရီပတ်ဘလီကန်အမတ်တချို့က တောင်းဆိုခဲ့ပါတယ်။
မြန်မာကျပ်ငွေတန်ဘိုးဟာ စက်တင်ဘာလဆန်းကတည်းက ၆၀ % ကျော် ကျသွားပြီး စားသောက်ကုန်နဲ့ လောင်စာဆီဈေးတွေက်နေတာနဲ့ပတ်သက်လို့ "နိုင်ငံရေးအခြေအနေ ပိုဆိုးလာတာနဲ့အမျှ ငွေလဲနှုန်းကလည်း ပိုဆိုးလာမှာပဲ" လို့ အမည်မဖော်လိုတဲ့ ဘဏ်အရာရှိတဦးက ရိုက်တာကိုပြောပါတယ်။
တောင်ကိုရီးယားက ရန်လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြောက်ကိုရီးယားသံအမတ်ကြီးက မစွပ်စွဲမီ မိနစ်ပိုင်းအလိုမှာ မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့မှာ နောက်ထပ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ် လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်