G7 စက်မှုထိပ်သီး ၇ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် တဦးခန့်အပ်ပြီး မြန်မာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်ပေးဖို့ မြန်မာအရပ်ဘက် လူထုအဖွဲ့အစည်း ၄၀၀ နီးပါးက ဇွန်လ ၂၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေနဲ့ မညီ ဖမ်းဆီးခံထားရသူတွေအားလုံးကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ တနင်္လာနေ့က စစ်ကောင်စီကို ကုလသမဂ္ဂက ထပ်မံတောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီ အပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေအပေါ် ဗြိတိန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်တိုးပြီး ချမှတ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှုး Nikolai Patrushev တို့ တနင်္လာနေ့မှာ တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်ဖက်က မြောက်ကိုရီးယားနဲ့ အချိန်မရွေး၊ နေရာမရွေး၊ ကြိုတင်သပ်မှတ်ချက်တွေမပါဘဲ ဆွေးနွေးလိုကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Sung Kim က တနင်္လာနေ့ မှာ ကမ်းလှမ်းလိုက်ပါတယ်။
သီတင်း၃ ပတ်ကျော်ကြာကျင်းပနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHRC ရဲ့ညီလာခံအစမှာပဲ မြန်မာနိုင်ငံ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံနေကြတဲ့အတွက် ကုလမဟာမင်းကြီး Michelle Bachelet အဖွင့်မိန့်ခွန်းပြောဖိုးနှောင့်နှေးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဂျွန်လ ၂၀ ရက်နေ့စစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားရသူ ၄၀၇ ဦးရှိကြောင်း မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပိုးကူးခံထားရသူ (၅၄၆)ဦးထိ ရှိခဲ့ပြီး ဒါဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရက်အတွင်း ဓါတ်ခွဲအတည်ပြုလူနာအများဆုံးစာရင်းလည်းဖြစ်
ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက ယုံကြည်လက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ စစ်မှန်တဲ့ အစ္စလာမ္မစ်စနစ်ကို ကျင့်သုံးသွားမှာဖြစ်ပြီး ဒီစနစ်အရ အာဖဂန်နစ္စတန်ရဲ့ ပဋိပက္ခအလွန်ကာလမှာ အမျိုးသမီးတွေ ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့် ရရှိကြမှာဖြစ်ကြောင်း တာလီဘန်တွေက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အာဖဂန်နစ္စတန်ခေါင်းဆောင် Ashraf Ghani နဲ့ အာဂန်ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် Abdullah Abdullah တို့ဟာ လာမယ့် သောကြာနေ့ကျရင် အမေရိကန်သမ္မတ Joe Biden နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။
ကမ္ဘာတဝန်း စစ်ပွဲတွေ၊ အကြမ်းဖက်ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည်ဦးရေ စုစုပေါင်း ၈၂.၄ သန်းအထိ မကြုံစဘူးအောင် တိုးပွားလာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို မြန်မာသတင်းသမား ဦးအေးချမ်းနိုင်အား ချီးမြှင့်ဂုဏ်ပြုလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ ပြတ်လတ်မှုဒဏ် ခံနေရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးခွင့်ပြုဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကနေ ထက်ခွာသွားပြီ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ အမေရိကန်နဲ့ ရုရှား သမ္မတနှစ်ဦး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဝါရှင်တန်မြို့ကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်နဲ့ရော အတိုက်အခံ အင်အားစုတွေနဲ့ပါ တရားဝင်နည်းလမ်းအရရော တရားဝင်မဟုတ်တဲ့ နည်းလမ်းကပါ တွေ့ဆုံ စကားပြောနေတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Sanjay Verma က ပြောကြားလိုက်ပါတယ်။
အစောပိုင်းတုန်းက အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ဆေး ၇ သိန်းခွဲ ပေးပို့မယ်လို့ ကတိပေးထားတာကို အခု ကာကွယ်ဆေး ၂၃.၅ သန်းထိ တိုးပြီးပို့မယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မကြာခင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား Sean Turnell ရဲ့အမှုကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ တရားမျှတစွာ ကြားနာစစ်ဆေးဖို့ မြန်မာနိုင်ငံကို တောင်းဆိုထားကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ပြောပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက ဒုက္ခသည်တွေကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။
အိုလံပစ်ခြေစစ်ပွဲတခုမှာ မက္ကဆီကို ပွဲကြည့်ပရိသတ်က လိင်တူစုံမက်သူတွေကို ဆန့်ကျင် အော်ဟစ်ခဲ့ကြတဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က သောကြာနေ့က အရေးယူလိုက်တာကြောင့် မက္ကဆီကို ဘောလုံးအသင်းအနေနဲ့ အိမ်ကွင်းမှာ ပွဲကြည့်ပရိသတ်မပါဘဲ ၂ ပွဲ ကစားရတော့မှာ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ တနင်္ဂနွေနေ့ ဒီကနေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ကမ္ဘာတလွှား သန်းနဲ့ချီရှိတဲ့ ဒုက္ခသည်တွေ စားရေရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာက ပံ့ပိုးပေးကြဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကမ္ဘာ့ဒုက္ခသည်များနေ့ အကြိုမှာ ပန်ကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်