မနက်ဖြန် အင်္ဂါနေ့ဆိုရင် အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပြည်နယ်တွေမှာ အပြိုင် မဲဆွယ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၆၉၉ ယောက်နဲ့ သေဆုံးသူ ၂၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
ထိုင်းဘုရင်နဲ့ မိဖုရားတို့ တက်ရောက်ချီးမြှင့်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတခုကို ထိုင်းတက္ကသိုလ်ကျောင်းသား တော်တော်များများ ဒုတိယမြောက်နေ့အဖြစ် ဆက်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
ဒီကနေ့ ဖိလစ်ပိုင်နိုင်ငံကို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Goni ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် Luzon ကျွန်းမှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
တူရကီနဲ့ ဂရိနိုင်ငံကြားက Aegean ပင်လယ်ထဲက တူရကီကမ်းရိုးတန်းနားမှာ သောကြာနေ့က လှုပ်ခဲ့တဲ့ငလျင်ကြောင့် လူ ၅၇ ယောက်ထက်မနည်း သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရသွားတယ်လို့ AP သတင်းက ဖော်ပြလိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ နှစ်ယောက်ဟာ ရွေးကောက်ပွဲအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ်တွေကို သွားရောက်ပြီးတော့ မဲဆွယ်ခဲ့ကြပါတယ်။
မြေထဲပင်လယ်ဒေသ Aegean ပင်လယ် တဖက်တချက်မှာရှိတဲ့ တူရကီနဲ့ ဂရိ နိုင်ငံတွေက ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဒဏ်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦတွေနဲ့ အပျက်အစီးပုံတွေကြားမှာ အသက်မသေ ကျန်ရစ်သူတွေကို စနေနေ့မှာ ရှာဖွေနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ်ထဲ အင်အားအပြင်းဆုံးလို့ ဆိုနိုင်တဲ့ Goni တိုင်ဖုန်းမုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင် လေတိုက်နှုန်းနဲ့ ဦးတည် ချဉ်းကပ်လာနေပြီး ဖိလစ်ပိုင် အရှေ့ဘက်ကမ်းရိုးတန်း အစွန်က Catanduanes ကျွန်းကို မနက်ပိုင်းမှာ ဝင်ရောက်ဖျက်ဆီးဖွယ် ရှိတယ်လို့ နိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ပြင်သစ်နိုင်ငံ Nice မြို့ Notre Dame က လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ဓားနဲ့တိုက်ခိုက်မှုမှာ ဆက်နွှယ်နေတဲ့ တတိယမြောက် သံသယရှိသူကို စနေနေ့က ပြင်သစ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်းနဲ့ အွန်လိုင်းမှာပါ မြန်မာ့တပ်မတော်က ဝါဒဖြန့်စစ်ပွဲ လုပ်လာတဲ့အပေါ် စိုးရိမ်မှု ပိုတိုးလာရကြောင်း ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ စုပေါင်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ဥရောပက OSCE (Organization for Security and Cooperation in Europe) အဖွဲ့က စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တိုက်ရိုက် သွားလာပြေးဆွဲနိုင်မယ့် ကားလမ်း၊ ရထားလမ်းတွေ ဖောက်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ဒုဝန်ကြီး Shahriar Alam က ပြောတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ရေးပါတယ်။
COVID-19 ကပ်ရောဂါကူးစက်မှု ဒုတိယအချီ ထပ်တိုးလာနေတဲ့ ဥရောပတလွှားမှာ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနိုင်ငံတွေလိုပဲ ဗြိတိန်နိုင်ငံကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ပိတ်ပင်မိန့်ကို စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံကနေ အမေရိကန်ကို တင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၈၁၇ သန်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ကင်းလွတ်ခွင့် ပေးထားတာကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ကစပြီး ပြန်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ သမ္မတ Trump က မနေ့က ကြေညာပါတယ်။
James Bond ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူ နာမည်ကျော်မင်းသားကြီး Sean Connery ဟာ အသက် ၉၀ အရွယ်မှာ ဒီကနေ့ ကွယ်လွန်သွားပြီလို့ မိသားစုကို ကိုးကားပြီး ဗြိတိန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၂၁၀ ဦး ထပ်တိုးပြီး သေဆုံးသူ ၁၈ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၃ ရက်၊ အင်္ဂါနေ့ အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်လေးမှာပဲ သမ္မတ Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Joe Biden တို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဒီကနေ့ မဲဆွယ်ပွဲတွေ လုပ်ဖို့ရှိပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်ပဲလိုတော့ပြီး သမ္မတ Donald Trump နဲ့ ဒီမိုကရက် သမ္မတလောင်း Joe Biden တို့ကြား ဘယ်သူအနိုင်ရတယ်ဆိုတာ ရွေးကောက်ပွဲနေ့ မဲရုံတွေအားလုံး ပိတ်သွားပြီးတဲ့နောက် ညဘက်မှာ ချက်ချင်းအဖြေထွက်မယ့် အလားအလာ မရှိပါဘူး။
Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ဖြစ်နေတဲ့ ပဋိပက္ခမှာ လူနေဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ရှောင်ကြဖို့ သဘောတူလိုက်ပါတယ်။
ဂရိနဲ့ တူရကီနိုင်ငံ အကြားက Aegean ပင်လယ်ပြင်မှာ သောကြာနေ့က အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်အပြီးမှာ ကယ်ဆယ် ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဂရိနဲ့ တူရကီ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်