ကမ္ဘာတဝှမ်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Netflix က ကိုရီးယား ရုပ်ရှင် Squid Game စီးရီး ဒုတိယမြောက် ရုပ်ရှင် စီးရီး နိုင်ငံတကာကို ပြသတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ Chao Phraya မြစ်ထဲမှာ Young-Hee အရုပ်ကြီးကို လှေပေါ်တင်ပြီး ဒီဇင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့က ကြော်ငြာသရုပ်ပြပွဲ ကျင်းပပါတယ်။
ဆီးရီးယားပြန်လည်ထူထောင်ရေးအတွက် ဂျော်ဒန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ဆီးရီးယား ခေါင်းဆောင် Ahmed al-Sharaa နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်နိုင်ငံတွေထဲက ဆီးရီးယားကို ပထမဆုံးရောက်လာတဲ့ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း Yoon Suk Yeol ရဲ့ မအောင်မြင်ခဲ့တဲ့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့တာ ကို အထူး စုံစမ်းစစ်ဆေးရေးမှူးခန့်မယ့် ဥပဒေမူကြမ်းကိုအတည်ပြုမပေးရင် ယာယီသမ္မတ Han Duck-soo ကိုပါ အရေးယူမယ်လို့ အဓိကအတိုက်အခံပါတီက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထိုင်းဆေးရုံတွေမှာ ပြင်ပနိုင်ငံက နိုင်ငံခြားသားလူနာတွေ ရုတ်တရက် များလာပြီး ဆေးကုနေကြတဲ့အတွက် ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ထုတ်ဝန်ထိုး ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ရှေ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံတာဝန်ယူတဲ့အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို ကိုယ်ရေးအကြံပေးအဖြစ်ခန့်ထားရေး အဆိုပြုချက်အပေါ် ထောက်ခံဖို့ မလေးရှားဝန်ကြီးချုပ် Awar Ibrahim က အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ဆီးရီယားနိုင်ငံမှာ သမ္မတ ဘာရှားအယ် အာဆပ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်က ဆီးရီယားနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ အရေးယူပိတ်ဆိုဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
ဝီဂါမွတ်ဆလင်တွေနဲ့ တိဘက်လူမျိုးတွေ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ကနေဒါနိုင်ငံက အဖွဲ့အစည်း ၂ ခုနဲ့ လူပုဂ္ဂိုလ် ၂၀ ကို တရုတ်နိုင်ငံက လက်တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
ရာနဲ့ချီတဲ့ ဆီးရီးယား စစ်သားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အရပ်သားအဖြစ် ဘဝ ဆက်လက်ရှင်သန်နေထိုင်ခွင့် အာမခံချက်ရရှိရေး အရပ်သားတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်း ရှိမရှိ လူတွေ့ စစ်ဆေးမေးမြန်းခံနေကြပါတယ်။
ဂျာမနီနိုင်ငံက ခရစ္စမတ် ဈေးရောင်းပွဲတော်ကို ကားနဲ့ဝင်တိုက်ခဲ့သူနဲ့ ပတ်သက်လို့ မနှစ်က သတိပေးတိုင်ကြားချက် လက်ခံရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသွားသူ ၅ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထပ်ထွက်လာချိန်မှာဘဲ တာဝန်ရှိသူတွေက အဲဒီလို ပြောကြားလိုက်တာပါ။
ဆီးရီးယားမှာ အာဏာရှင် Bashar al-Assad ကို ဖြုတ်ချခဲ့ပြီး သီတင်း ၂ ပတ်အကြာမှာပဲ ရှီဘာနီ (Asaad Hassan al-Shibani) ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ယာယီ အစိုးရအဖွဲ့က တာဝန်ပေးလိုက်တယ်လို့ စနေနေ့ ဆီးရီးယား အစိုးရ SANA သတင်းမှာ ဖော်ပြထားပါတယ်။
ယီမင်နိုင်ငံဘက်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းဟာ အစ္စရေးနိုင်ငံ Tel Avia မြို့ကို ကျရောက်ပေါက်ကွဲလို့ ၁၆ ယောက် ဒဏ်ရာရခဲ့တယ်ပါတယ်။
ဂျာမနီနိုင်ငံမှာ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ Magdeburg မြို့က Christmas ဈေးပွဲတော်နေရာကို ဝန်ကြီးချုပ် Olaf Scholz ဒီနေ့ သွားရောက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်