ဆီးရီးယားမှာ ဆိုးဝါးပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေစုံစမ်းဖေါ်ထုတ်ရေး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ထားသွားမှာဖြစ်သလို အာဏာပိုင်အဖွဲ့သစ်ဟာ နားလည်လက်ခံလွယ်ပြီး ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တယ်လို့ ဆီးရီးယားမြို့တော် ဒမတ်စကတ်ကိုသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးကို ထိပါးစေတာကြောင့်ဆိုပြီး ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးကို ဖမ်းဆီးဖို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာပဲ အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ နီးပါးနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁ သန်း ဆုငွေ ထုတ်လိုက်ပါတယ်။
ရုရှားရဲ့ Kursk ဒေသကို ဝင်ရောက် တိုက်ခိုက်ရာမှာ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့က ပြောပါတယ်။ ကနဦး ရရှိတဲ့ သတင်းတွေအရ အခုလို ပြောတာ ဖြစ်တယ်လို့ ဇယ်လန်စကီး က X လူမှု စာမျက်နှာမှာ ရေးခဲ့တာပါ။
ဂါဇာမှာ ထိန်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲမှာ တိုးတက်မှု တချို့ ရရှိခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမန် နေသန်ယာဟု က အစ္စရေး လွှတ်တော်မှာ တနင်္လာနေ့က ပြောပါတယ်။
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပနားမား တူးမြောင်းကို ပြန်လည် ထိန်းချုပ်နိုင်တယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။
ကမ္ဘာတဝှမ်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Netflix က ကိုရီးယား ရုပ်ရှင် Squid Game စီးရီး ဒုတိယမြောက် ရုပ်ရှင် စီးရီး နိုင်ငံတကာကို ပြသတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ Chao Phraya မြစ်ထဲမှာ Young-Hee အရုပ်ကြီးကို လှေပေါ်တင်ပြီး ဒီဇင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့က ကြော်ငြာသရုပ်ပြပွဲ ကျင်းပပါတယ်။
ဆီးရီးယားပြန်လည်ထူထောင်ရေးအတွက် ဂျော်ဒန်နိုင်ငံက ကူညီဖို့အသင့်ရှိကြောင်း ဆီးရီးယား ခေါင်းဆောင် Ahmed al-Sharaa နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဟာ အာရပ်နိုင်ငံတွေထဲက ဆီးရီးယားကို ပထမဆုံးရောက်လာတဲ့ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း Yoon Suk Yeol ရဲ့ မအောင်မြင်ခဲ့တဲ့စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ခဲ့တာ ကို အထူး စုံစမ်းစစ်ဆေးရေးမှူးခန့်မယ့် ဥပဒေမူကြမ်းကိုအတည်ပြုမပေးရင် ယာယီသမ္မတ Han Duck-soo ကိုပါ အရေးယူမယ်လို့ အဓိကအတိုက်အခံပါတီက ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထိုင်းဆေးရုံတွေမှာ ပြင်ပနိုင်ငံက နိုင်ငံခြားသားလူနာတွေ ရုတ်တရက် များလာပြီး ဆေးကုနေကြတဲ့အတွက် ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ထုတ်ဝန်ထိုး ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ရှေ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံတာဝန်ယူတဲ့အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို ကိုယ်ရေးအကြံပေးအဖြစ်ခန့်ထားရေး အဆိုပြုချက်အပေါ် ထောက်ခံဖို့ မလေးရှားဝန်ကြီးချုပ် Awar Ibrahim က အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
ဆီးရီယားနိုင်ငံမှာ သမ္မတ ဘာရှားအယ် အာဆပ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ သူပုန်ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်က ဆီးရီယားနိုင်ငံအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ အရေးယူပိတ်ဆိုဒဏ်ခတ်မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
ဝီဂါမွတ်ဆလင်တွေနဲ့ တိဘက်လူမျိုးတွေ လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ ကနေဒါနိုင်ငံက အဖွဲ့အစည်း ၂ ခုနဲ့ လူပုဂ္ဂိုလ် ၂၀ ကို တရုတ်နိုင်ငံက လက်တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်