ဂါဇာမှာ စနေနေ့က အစ္စရေးရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်ရပ်စဲရေး ကြိုးပမ်းမှုအောင်မြင်ဖို့ အလားအလာ ရှိတယ်ဆိုပြီး ပြောဆိုနေချိန်မှာပဲ အခုလို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။
ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနား တက်ရောက်ဖို့ ပါရီမှာ ရောက်နေတဲ့ Donald Trump နဲ့ ပြင်သစ်သမ္မတို့ Elysee Palace နန်းတော်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေက ဒီနေ့ လွှတ်တော်မှာ မဲခွဲဖို့ လုပ်ပေမဲ့ သမ္မတရဲ့ အာဏာရ People Power ပါတီအမတ်တွေ လွှတ်တော်ခန်းမထဲကနေ ကန့်ကွက်ထွက်ခွာခဲ့ကြတာမို့ မဲခွဲရေး မအောင်မြင် ဖြစ်ခဲ့ပါတယ်။
မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်သုတေသီ ပါမောက္ခ David Steinberg ဟာ အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။ Maryland ပြည်နယ် Bethesda မြိုက နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက Washington Post သတင်းစာကို အတည်ပြုခဲ့ပါတယ်။
ယူကရိန်းစက်ရုံတခုမှာ ထုတ်လုပ်တဲ့ တာဝေးပစ် "Peklo" မစ်ဇိုင်း ဒရုန်းသစ်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က သောကြာနေ့က မိတ်ဆက်လိုက်ပါတယ်။ ပထမဆုံး အသုတ်အနေနဲ့ ထုတ်လုပ်တဲ့ ဒီမစ်ဇိုင်းဒရုန်းတွေကို ယူကရိန်းတပ်ဖွဲ့တွေရှိရာ ဖြန့်ဝေ ပေးခဲ့ပြီးကြောင်းလည်း သမ္မတက ပြောပါတယ်။
ဒီလို ကျဆင်းရတဲ့ အဓိက အကြောင်းရင်းထဲမှာ တခုက တရုတ်နိုင်ငံထုတ် လက်နက်တွေဟာ တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းမှာ အားနည်းတာကြောင့် ဖြစ်တယ်လို့ SIPRI အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။
ဂါဇာမှာ စစ်ပွဲတွေရပ်ဖို့ အမေရိကန်နဲ့ ကာတာနိုင်ငံတွေက ကြားဝင် စေ့စပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမဲ့ တိုးတက်မှုတစုံတရာ မရှိတဲ့အပေါ် ကြားဝင် ညှိနှိုင်းပေးနေတဲ့နိုင်ငံတွေက ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့လက ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် အခုတကြိမ် ပြန်စမယ့်အကြောင်း ပြောဆိုလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျား-မ ကွဲပြားမှုအခြေခံကြောင့် မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို ဆန့်ကျင်တဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုမှာပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲက Video ရုပ်သံ ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြောင့် ပြည်သူတွေ စိုးရိမ်ခဲ့ရတဲ့အပေါ် ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။ နောက်ထပ်တကြိမ် စစ်အုပ်ချုပ်ရေးထုတ်မယ်ဆိုရင် လက်ခံမှာ မဟုတ်ဘူးလို့လည်း ကာကွယ်ရေး ဒုဝန်ကြီး Kim Seon Ho က ဒီနေ့ပြောကြားခဲ့ပါတယ်။
၉ နိုင်ငံပါဝင်တဲ့ BRICS အဖွဲ့ရဲ့ ငွေကြေးဖန်တီးတာကို အိန္ဒိယက သဘောတူမှာမဟုတ်ဘူး လို့အိန္ဒိယ ပို့ကုန် အဖွဲ့အစည်းများ ဖက်ဒရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ရိုးရာ ဆာကေး (Sake) ဆန်အရက်ကို UNESCO ရဲ့ လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်နဲ့ မနေ့ ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်