ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ Bashar al Assad ပြုတ်ကျပြီးနောက် အသွင်ကူးပြောင်းရေးနဲ့ ဆီးရီးယား အနာဂတ်အရေးအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံစုံ ဒီနေ့ စနေနေ့မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့က ပွဲတော်တခုမှာ ဗုံးကွဲလို့ ၃ ဦး သေဆုံးပြီး၊ ၄၈ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဗုံးခွဲမှုနဲ့ ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးထားသူ ၂ ဦးမှာ တဦးက KNU အဖွဲ့ဝင်တဦးဖြစ်ပြီး ကျန်တဦးက ထိုင်းနိုင်ငံသား ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲဖို့ လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတကို တရားစွဲသင့်မသင့် လွှတ်တော်မှာ ဒီနေ့ မဲခွဲခဲ့တာမှာ အနိုင်ရဖို့ လိုအပ်တဲ့မဲ ၃ ပုံ ၂ ပုံကို ကပ်ရသွားပြီး တရားစွဲဖို့ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီမိုကရေစီ နိုင်ငံကြီးတွေ ပါဝင်တဲ့ G7 ခေါင်းဆောင်တွေနဲ့ သောကြာနေ့မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပြီး ရုရှား ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်း အပေါ် အကူအညီတွေ ဆက်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ကြိုတင် အသိပေး ကြေညာတာမျိုးမရှိဘဲ အီရတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ ရုတ်တရက် ရောက်လာတဲ့ သောကြာနေ့မှာပဲ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani နဲ့ တွေ့ဆုံပြီး ဆီးရီးယား နိုင်ငံရေး အသွင်ကူးပြောင်းမှုကိစ္စ ဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် Gukesh Dommaraju ဟာ အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင် ချန်ပီယံ ဖြစ်သွားပါပြီ။ ၁၈ နှစ်အရွယ် Gukesh Dommaraju ဟာ သူ့ထက် ၁၄ နှစ်ကြီးတဲ့ တရုတ် နိုင်ငံက အသက် ၃၂ နှစ်အရွယ် လက်ရှိ ကမ္ဘာ့စစ်တုရင် ချန်ပီယံ Ding Liren ကို ၁၄ ပွဲကစားပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ကို ဆွတ်ခူးသွားတာပါ။
ဆီးရီးယားမှာ Bashar-al Assad အစိုးရ ပြုတ်ကျသွားပြီးနောက် IS စစ်သွေးကြွတွေ ပြန်လည် ပေါ်ထွက်မလာနိုင်အောင် ဆက်လက် ကြိုးစားနှိမ်နင်းရေးကို ဆီးရီးယားအိမ်နီးချင်း တူရကီနဲ့ အမေရိကန်တို့ ဆွေးနွေးခဲ့ကြပါတယ်၊
ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့အတွက် ဆန့်ကျင်၊ လှုပ်ရှားနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေကို လေးစားကြောင်းနဲ့ သူတို့နဲ့ တသားတည်း ရပ်တည်ကြောင်း ကိုရီးယားရောက် မြန်မာတွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အရပ်ဘက်ပရဟိတအဖွဲ့အစည်းတွေ မှတ်ပုံတင်ခွင့်ဆိုင်ရာဥပဒေကြမ်းကြောင့် ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာသတင်းသမားတွေ၊ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းဆက်လက်လည်ပတ်ရေး အခက်တွေ့နိုင်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ သုံးသပ်သူတွေ ပြောဆိုနေပါတယ်။
နှစ်စဥ် ရွေးနေကျ တိုင်းမ်း မဂ္ဂဇင်းရဲ့ တနှစ်တာ အထူးခြားဆုံးလူအဖြစ် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ကို ရွေးချယ်လိုက်ပါတယ်။ NBC ရုပ်မြင်သံကြားရဲ့ ကြာသပတေးနေ့မနက် တူဒေးရှိုးမှာ တိုင်းမ် အယ်ဒီတာချုပ် Sam Jacobs က ခုလို ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။
နှစ်သစ် ဇန္နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှိကျင့်ဖျင်နဲ့ တခြား နိုင်ငံခြား ခေါင်းဆောင်တွေကို အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဖိတ်ကြားထားပါတယ်။ လက်ခံမခံ မသိရသေးဘူးလို့ ထရမ့်ရဲ့ အကူးအပြောင်းကာလ ပြောခွင့်ရှိသူက FOX သတင်းဌာနကို ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ Assad အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုဖျက်သိမ်းပစ်မယ်လို့ သူပုန်ခေါင်းဆောင်က ကြေညာခဲ့ပါတယ်။ အကျဉ်းထောင်တွေကိုလည်းပိတ်ပစ်ပြီး ဖမ်းဆီးခံရသူတွေအပေါ် နှိပ်စက် သတ်ဖြတ်သူအားလုံးကို လိုက်ရှာအပြစ်ပေးမယ်လို့ Assad ကိုဖြုတ်ချခဲ့တဲ့ သူပုန်အဖွဲ့တွေရဲ့ခေါင်းဆောင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်