တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးတခေါက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအုံကြွမှုတွေကြား အရင်တွေနဲ့ မတူပဲ ပေါ့ပ်ဂီတသံတွေ ပျံ့လွင့်နေတာ တွေ့ရပါတယ်။ ဆိုးလ်မြို့တော်လမ်းတွေမှာ ဒီတခေါက် ဖြစ်ပွားတဲ့ နိုင်ငံရေးပဋိပက္ခအတွင်း ဆန္ဒပြပွဲတွေက ဂီတပွဲတော် ကျင်းပတဲ့နေရာတွေနဲ့ ပိုတူနေတာပါ။
ဆီးရီးယားနိုင်ငံရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိ တိုင်းပြည်အာဏာကို ထိန်းချုပ်ထားသူတွေနဲ့လည်း အဆက်အသွယ်ရှိကြောင်း၊ ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားတပ်ဖွဲ့တွေစခန်းချတဲ့နေရာတွေအပါအဝင် သံတမန် အဆောက်အဦးတွေလုံခြုံရေးအတွက် ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ပြောခဲ့ပါတယ်။
တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်းဟာ ဒီကနေ့မှာ သေကြောင်းကြံစည်ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်း စစ်ပွဲ အရေး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ဆောင်းတွင်းမှာ စတင်နိုင်တယ်လို့ ပိုလန် ဝန်ကြီးချုပ် Donald Tusk က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီ အချိန်ကာလဟာဆိုရင် ဥရောပ သမဂ္ဂမှာ ဇန်နဝါရီလ ၁ ရက်ကစလို့ ပိုလန်က အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချီးမြှင့်တဲ့ လူ့အခွင့်အရေး ကာကွယ်သူ ဆု ချီးမြှင့်ခံရသူတွေကို အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ကြေညာပါတယ်။
ဆီးရီးယား နိုင်ငံကို ကာလရှည် အာဏာပြ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Bashar al-Assad ကို ဖယ်ရှားလိုက်ပြီးနောက် အင်္ဂါနေ့မှာတော့ မတ်လ အထိ စီမံမယ့် အသွင်ကူးပြောင်းရေး အစိုးရ ခေါင်းဆောင်ကို ဆီးရီးယား သူပုန်တွေ ရွေးချယ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ကို စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး Phumtham Wechayachai ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
သမ္မတ Bashar al-Assad ဖြုတ်ချခံရပြီးနောက် ဆီးရီးယားအတွက် အရေးပါဆုံး စမ်းသပ်မယ့် ကိစ္စကတော့ အဖွဲ့အစည်းနဲ့ နိုင်ငံရေးအသွင်ကူပြောင်းမှုကို အကောင်အထည်ဖေါ်တဲ့အခြေအနေ ဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pederson (ဂီရာ ပီဒါဆန်) က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ဟန့်တားဖို့လိုကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk မနေ့ တနင်္လာနေ့ ဂျနီဗာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံအနှံ့မှာ အစ္စရေးက ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို တပ်ဖွဲ့တွေလည်း နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်လာရာမှာ ဒမတ်စကတ်မြို့တော်နဲ့ ၁၅ မိုင်လောက် အကွာအထိ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂,၂၀၀ နီးပါး ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားတယ်လို့ အချက်အလက်ကောက်ယူဖော်ပြတဲ့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်