တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အုပ်ချုပ်ရေးကြေညာဖို့ သမ္မတ Yoon Suk Yeol ကို အကြံပြုခဲ့သူလို့ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို တောင်ကိုရီးယား တရားရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ယူကရိန်းမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ယူကရိန်းနဲ့ ပြင်သစ်သမ္မတတို့နဲ့ ပါရီမြို့တော်မှာ တွေ့ဆုံအပြီး ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။
တိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံက ဖြတ်သန်းသွားလာတဲ့ စစ်သင်္ဘောအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂ ဆနီးပါး ရှိခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြင်ဆင်ပြီးစီးသွားတဲ့ Notre Dame ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို နိုင်ငံတကာက ဒါဇင်နဲ့ချီတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ရာမှာ အမေရိကန်သမ္မတကတော် Jill Biden နဲ့ ရွေးကောက်ခံသမ္မတ Donald Trump တို့လည်း ပါဝင်ကြပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရုတ်တရက် ထိုးစစ်ဆင်ခဲ့တဲ့ သူပုန်တွေက ဒီကနေ့ပဲ Damascus မြို့တော်ကို ထိန်းချုပ်လိုက်ရာက အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပါတယ်။ နှစ်ပေါင်း ၅၀ ကြာ သမ္မတ Bashar Assad မိသားစု အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့အတွက် လူတွေလမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြတာပါ။
ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump၊ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ စနေနေ့က ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ယူကရိန်းအတွက် ဒုတိယ အသုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို ဒိန်းမတ်နိုင်ငံက ပေးပို့ခဲ့တဲ့အကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောပါတယ်။
အချိန်တိုအတွင်း ဆီးရီးယားသူပုန်တွေ အခုလို နယ်မြေတွေ အများအပြားကို သိမ်းယူလာနိုင်တာဟာ လတ်တလော ကူရာမဲ့ ဖြစ်နေတဲ့ သမ္မတ Bashar Assad အတွက်တော့ ကံကြမ္မာဆိုးတခုပါပဲ။
ဂါဇာမှာ စနေနေ့က အစ္စရေးရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်ရပ်စဲရေး ကြိုးပမ်းမှုအောင်မြင်ဖို့ အလားအလာ ရှိတယ်ဆိုပြီး ပြောဆိုနေချိန်မှာပဲ အခုလို လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။
ပါရီမြို့တော်က အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနား တက်ရောက်ဖို့ ပါရီမှာ ရောက်နေတဲ့ Donald Trump နဲ့ ပြင်သစ်သမ္မတို့ Elysee Palace နန်းတော်မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
အတိုက်အခံ လွှတ်တော်အမတ်တွေက ဒီနေ့ လွှတ်တော်မှာ မဲခွဲဖို့ လုပ်ပေမဲ့ သမ္မတရဲ့ အာဏာရ People Power ပါတီအမတ်တွေ လွှတ်တော်ခန်းမထဲကနေ ကန့်ကွက်ထွက်ခွာခဲ့ကြတာမို့ မဲခွဲရေး မအောင်မြင် ဖြစ်ခဲ့ပါတယ်။
မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်သုတေသီ ပါမောက္ခ David Steinberg ဟာ အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပါတယ်။ Maryland ပြည်နယ် Bethesda မြိုက နေအိမ်မှာ ဒီဇင်ဘာလ ၅ ရက်နေ့က ကွယ်လွန်သွားတယ်ဆိုတာကို သားဖြစ်သူက Washington Post သတင်းစာကို အတည်ပြုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်