မြန်မာနိုင်ငံမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြဖို့ တရုတ်အနေတိုက်တွန်းနေပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်မယ့်လုပ်ငန်းစဉ်တွေကိုလည်း အစွမ်းကုန်ထောက်ခံအားပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အင်္ဂါနေ့ ပေကျင်းမြို့တော်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ထိုင်းငါးဖမ်းသမား ၄ ယောက် ကို စစ်ကောင်စီက ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဝန်ကြီး Phumtham Wechayachai ပြောတာကို ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
သမ္မတ Bashar al-Assad ဖြုတ်ချခံရပြီးနောက် ဆီးရီးယားအတွက် အရေးပါဆုံး စမ်းသပ်မယ့် ကိစ္စကတော့ အဖွဲ့အစည်းနဲ့ နိုင်ငံရေးအသွင်ကူပြောင်းမှုကို အကောင်အထည်ဖေါ်တဲ့အခြေအနေ ဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pederson (ဂီရာ ပီဒါဆန်) က ဒီကနေ့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်ရေးချိုးဖေါက်မှုတွေကျူးလွန်ပြီး ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့နိုင်ငံတွေကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ဟန့်တားဖို့လိုကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေးအကြီးအကဲ Volker Turk မနေ့ တနင်္လာနေ့ ဂျနီဗာ နှစ်ချုပ်သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံအနှံ့မှာ အစ္စရေးက ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို တပ်ဖွဲ့တွေလည်း နိုင်ငံအတွင်းပိုင်းအထိ ဝင်ရောက်လာရာမှာ ဒမတ်စကတ်မြို့တော်နဲ့ ၁၅ မိုင်လောက် အကွာအထိ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂,၂၀၀ နီးပါး ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားတယ်လို့ အချက်အလက်ကောက်ယူဖော်ပြတဲ့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ရုရှား နဲ့ စစ်ကို အဆုံးသတ်ဖို့ ယူကရိန်း လုံခြုံရေးအတွက် အနောက်နိုင်ငံတပ်တွေ တိုင်းပြည်မှာ ချထားနိုင်အောင် ဖွင့်ထားပါတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က တနင်္လာနေ့က ပြောလိုက်ပါတယ်။
ဆီရီးယား သူပုန်ခေါင်းဆောင် Abu Mohammed al-Jolani ဟာ ဝန်ကြီးချုပ် Mohammed al-Jalali တို့ ဟာ အာဏာလွှဲပြောင်းရေး ဆွေးနွေးခဲ့ကြတယ်လို့ သူပုန်တွေက တနင်္လာနေ့ မှာ ပြောပါတယ်။
တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို နိုင်ငံခြား ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း တရားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။ တရားရေး ဌာန အရာရှိ Bae Sang-up က လွှတ်တော်ကော်မတီ ကို အခုလိုပြောလိုက်တာပါ။
ကမ္ဘာကျော်အောင်မြင်တဲ့ ကိုရီးယားကေပေါ့ K-pop အဖွဲ့ BLACKPINK အဖွဲ့ထဲက Rose ရိုဇေးက ပရိသတ်တွေ မျှော်နေတဲ့ သူ့ရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ် "Rosie" ကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်လိုက်ပြီး "toxic till the end" ဆိုတဲ့ ဂီတဗီဒီယိုပါ ထွက်လာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိသူတွေထဲ မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရ ပြုတ်ကျခဲ့ပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေ ပေမဲ့ ဆီးရီးယားမှာ IS စစ်သွေးကြွတွေကို အတူတွဲတိုက်နေတဲ့မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ သွားမှာဖြစ်ကြောင်းအမေရိကန် အကြီးတန်းအရာရှိတွေက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်