အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ရရှိသူတွေထဲ မြန်မာနိုင်ငံကလည်း ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ ကြေညာပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad အစိုးရ ပြုတ်ကျခဲ့ပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေ ပေမဲ့ ဆီးရီးယားမှာ IS စစ်သွေးကြွတွေကို အတူတွဲတိုက်နေတဲ့မဟာမိတ်တွေနဲ့ ဆက်လက် လက်တွဲ သွားမှာဖြစ်ကြောင်းအမေရိကန် အကြီးတန်းအရာရှိတွေက ပြောလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad ကို တော်လှန်ရေးအဖွဲ့တွေက ဖြုတ်ချလိုက်ပြီးတဲ့နောက် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တံခါးပိတ် ဆွေးနွေးကြဖို့ ရှိပါတယ်။
"ငြိမ်းချမ်းရေးနဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်၊ အခုနောက်ဆုံး ဆီးရီးယား၊ မြန်မာ၊ တောင်ဆူဒန်တို့အပြင် စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေဒဏ် ခံစားနေရသူတွေအတွက် ဆက်ပြီးဆုတောင်းကြရအောင်ပါ။" (ပုပ်ရဟန်းမင်းကြီး ဖရန်စစ်)
ဆီးရီးယားမှာ Assad ပြုတ်ကျသွားတာဟာ တရားမျှတမှု အခြေခံဖြစ်ပြီး နှစ်ပေါင်းများစွာနစ်နာခံစားကြရတဲ့ ဆီးရီးယားပြည်သူတွေအတွက် သမိုင်းတွင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ အမရိကန်သမ္မတ Joe Biden က ပြောပါတယ်။
ထွက်ပြေးသွားတဲ့ ဆီးရီယား သမ္မတ Bashar al-Assad နဲ့ သူ့မိသားစုဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိလာတယလို့ ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က စစ်အုပ်ချုပ်ရေးကြေညာဖို့ သမ္မတ Yoon Suk Yeol ကို အကြံပြုခဲ့သူလို့ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကို တောင်ကိုရီးယား တရားရေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ယူကရိန်းမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ယူကရိန်းနဲ့ ပြင်သစ်သမ္မတတို့နဲ့ ပါရီမြို့တော်မှာ တွေ့ဆုံအပြီး ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။
တိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံက ဖြတ်သန်းသွားလာတဲ့ စစ်သင်္ဘောအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂ ဆနီးပါး ရှိခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြင်ဆင်ပြီးစီးသွားတဲ့ Notre Dame ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို နိုင်ငံတကာက ဒါဇင်နဲ့ချီတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ရာမှာ အမေရိကန်သမ္မတကတော် Jill Biden နဲ့ ရွေးကောက်ခံသမ္မတ Donald Trump တို့လည်း ပါဝင်ကြပါတယ်။
ဆီးရီးယားနိုင်ငံမှာ ရုတ်တရက် ထိုးစစ်ဆင်ခဲ့တဲ့ သူပုန်တွေက ဒီကနေ့ပဲ Damascus မြို့တော်ကို ထိန်းချုပ်လိုက်ရာက အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပါတယ်။ နှစ်ပေါင်း ၅၀ ကြာ သမ္မတ Bashar Assad မိသားစု အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့အတွက် လူတွေလမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြတာပါ။
ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump၊ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ စနေနေ့က ပါရီမြို့တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်