တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။
တောင်ကိုရီးယားမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကို သမ္မတ Yoon Suk Yeol က ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
သမ္မတ Yoon Suk Yelo က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေဟာ လွှတ်တော်ကိုထိန်းချုပ်ထားပြီး နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်္ဘာ ၃ ရက်က အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတကို ရာထူးကဖယ်ရှားဖို့ အဆို တင်သွင်းလိုက်ပါတယ်။
မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာလို့ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းငါးဖမ်း စက်လှေသမား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ညှိနှိုင်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှီနာဝပ် Paetongtarn Shinawatra က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံတာကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရသလို လူပေါင်း ၂၉ ဦး အထိ သေဆုံး၊ ရေဘေးသင့်မိသားစုတသိန်းခွဲကျော်ရှိတယ်လို့ ဒီရက်ပိုင်းတွေအတွင်း မိုး ဆက်လက်ရွာသွန်းနေမှာဖြစ်ကြောင်း ထိုင်းအစိုးရက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်နေပြီး လာမယ့် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒီအကြောင်းအရာနဲ့ နီးစပ်သူတဦးက VOA ကို ပြောဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာကြောင့် အခြေအနေတွေ ရှုပ်ထွေးခဲ့သလို၊ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကြားမှာလည်း စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ကြတာပါ။
အမေရိကန် သမ္မတ Joe Biden ဟာ သူ့သမ္မတ သက်တမ်း အတွင်း ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် အာဖရိက ခရီးစဉ် အဖြစ် အန်ဂိုလာနိုင်ငံကို အင်္ဂါနေ့မှာ ဆိုက်ရောက်တာမှာ အန်ဂိုလာ သမ္မတ အိမ်တော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။
တောင်ကိုရီးယား သမ္မတ က မြောက်ကိုရီးယား ကွန်မြူနစ် တပ်ဖွဲ့တွေ လက်ကနေ နိုင်ငံကို ကာကွယ်ဖို့နဲ့ နိုင်ငံကို ဆန့်ကျင်နေသူတွေကို ဖယ်ရှားရေး အတွက် လိုအပ်တဲ့ အတွက်လို့ ဆိုပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးနောက်မှာတော့ အမေရိကန် ပြည်ထောင်စုက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောဆိုလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က စစ်အုပ်ချုပ်ရေး အမိန့် ကြေညာချက်ကို မကြာခင် ပြန်လည် ရုပ်သိမ်းမယ်လို့ ပြောဆိုလိုက်ပါတယ်။ သမ္မတရဲ့ အင်္ဂါနေ့ ညပိုင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို လွှတ်တော်က မဲခွဲ ပယ်ချလိုက်ပြီးနောက်မှာ သမ္မတက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
ာရီပိုင်း အကြာမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ရုပ်သိမ်းရေး လွှတ်တော်က မဲခွဲ ခဲ့ကြပြီး လွှတ်တော် အကြီးအကဲ Woo Won Shik က လွှတ်တော်အမတ်တွေဟာ ပြည်သူတွေနဲ့ အတူ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးတွေ သယ်ဆောင်သူတွေဟာ ရေလမ်းကြောင်းအတွက် Star Link ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးခဲ့တာကြောင့် အသေးစိတ်အချက်အလက်တွေ သိရဖို့ အိန္ဒိယအာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်