ယီမင်နိုင်ငံမှာရှိတဲ့ဟူသီသူပုန်တွေရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။ ဟူသီသူပုန်တွေက စစ်ရေးလုပ်ငန်းတွေမှာသုံးတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံတွေနဲ့ ဆိပ်ကမ်းတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါ တယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်းကတော် Rosmah Mansor အပေါ် စွပ်စွဲထားတဲ့ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတို့အတွက် ခိုင်လုံတဲ့အထောက်အထား သက်သေမရှိလို့ဆိုပြီး မလေးရှားတရားရုံးချုပ်က တရားသေ လွှတ်ပေးလိုက်ပါတယ်။
ယူကရိန်းဘက်က ဒရုန်းတွေဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခဲ့တာကြောင့် Rostov ဒေသမှာရှိတဲ့ Novoshakhtinsk ရေနံချက်စက်ရုံ ဒီနေ့ မီးလောင်သွားတယ်လို့ ရုရှားနိုင်ငံ Rostov ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
ဒီနှစ်ထဲမှာ တေလာဆွိဖ်ရဲ့ ဗီယာနာဖျော်ဖြေပွဲကို တိုက်ခိုက်ဖို့ အကြံအစည်တခု ဖမ်းမိပြီးနောက် ရုတ်သိမ်းလိုက်ရတာနဲ့ Oasis အဖွဲ့ ပြန်လည်စုဖွဲ့ပြီး ဖျော်ဖြေပွဲတွေ လုပ်မယ်လို့ ကြေညာတာတွေဟာ ဂီတလောကက သတင်းခေါင်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။
အစ္စရေး ရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ နောက်ထပ် အစီအစဥ်တခု ရှိလာတဲ့တိုင်အောင် ဆီးရီးယား နယ်စပ်ရှိ ကြားခံနယ်မြေမှာ အစ္စရေးတပ်တွေ ဆက်လက်ရှိနေမယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။
သမ္မတ ဘာရှာ အယ်အာဆတ် အောက်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် ယခင် ဆီးရီးယား ပြည်သူ့စစ်ခေါင်းဆောင်ကို ဂျာမန် တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်ပါတယ်။ အသက် ၄၇ နှစ် အရွယ် Ahmad H. ဟာ ၂၀၁၆ ခုနှစ်က ဂျာမနီကို ရောက်လာခဲ့တာပါ။
“အမျိုးသား လုံခြုံရေး အခြေခံပေါ်မှာ တရုတ်ကွန်မြူနစ်ပါတီကို ကောင်းကောင်း ဆန့်ကျင် ရပ်တည်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။” လို့ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင်၊ နယူးယောက်ပြည်နယ် ဒီမိုကရက် လွှတ်တော်အမတ် Chuck Schumer က ပြောပါတယ်။
တောင်ပစ္စဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ Vanuatu မှာပြင်းအား (၇.၃) ငလျင်လှုပ် ခတ်ခဲ့တာကြောင့် ဒါဇင်နဲ့ချီ သေဆုံးပြီး၊ လူရာပေါင်းများစွာဒဏ်ရာရှိသွားပါတယ်။ ငလျင်ဒဏ်ကြောင့် မြို့တော် Port Vila မှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ သောက်သုံးရေ၊ လျပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေလည်းပြတ်တောက်နေပါတယ်။
ယူကရိန်းအနေနဲ့ အရေးပေါ် စစ်ရေးအကူအညီတွေ လိုအပ်နေကြောင်း၊ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးစံနစ် လိုအပ်နေကြောင်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သမ္မတ Zelenskyy က ပြောပါတယ်။ ရုရှားက စစ်ပွဲကို အဝေးကနေ ဆင်နွဲနေနိုင်တဲ့စွမ်းအားကို အတတ်နိုင်ဆုံး ဖြိုဖျက်ပစ်ဖို့အတွက်လည်း အကူအညီတွေလိုအပ်နေတယ်လို့ သူ က ပြောပါတယ်။
ဆီးရီးယားမှာ အာဏာရှင် Bashar al Assad ပြုတ်ကျပြီးနောက် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆီးရီးယားကဘဲ ဦးဆောင်လုပ်ဖို့နဲ့ ဆီးရီးယားအနေနဲ့ လွတ်လွတ်လပ်လပ်၊ ဒီမိုကရေစီနည်းကျကျ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ရ မယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပြောဆိုလိုက်ပါတယ်။
Vinicius ဟာ ရီးယဲလ်အသင်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေရခဲ့တဲ့နေရာမှာ အဓိက ကစားသမားဖြစ်ခဲ့တာကြောင့် ၂၀၂၄ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုရသွားခဲ့တာပါ။
ဆီးရီးယား နိုင်ငံမှာ စစ်ပွဲ မပြီးဆုံးသေးကြောင်း၊ နိုင်ငံဟာ ထိလွယ်ရှလွယ် အခြေအနေနဲ့ အခက်အခဲ အများအပြား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အင်္ဂါနေ့မှာ သတိပေးလိုက်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဆီကို အလျင်အမြန် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်