ဂျပန်နိုင်ငံရဲ့ ရိုးရာ ဆာကေး (Sake) ဆန်အရက်ကို UNESCO ရဲ့ လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်နဲ့ မနေ့ ဒီဇင်ဘာလ ၄ ရက် ဗုဒ္ဓဟူးနေ့က သတ်မှတ်လိုက်ပါတယ်။
အမေရိကန်က ထိုင်ဝမ်ကိုလက်နက်ရောင်းချတာတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချတဲ့ စစ်ဘက်ဆိုင်ရာကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်သမ္မတ Lai Ching-te နဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson တို့ ဆက်သွယ်စကားပြောခဲ့ကြတယ်လို့ ထိုင်ဝမ်သမ္မတရုံးက ဒီနေ့ သတင်းထုတ်ပြန်ခဲ့ပြီးနောက်မှာ စည်းမကျော်ပါနဲ့လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Lin Jian က ဒီနေ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲသင့် မသင့် လွှတ်တော်မှာ အတိုက်အခံပါတီတင်သွင်းတဲ့အဆိုကို ထောက်ခံမှာမဟုတ်ဘူးလို့ အာဏာရပါတီ ခေါင်းဆောင်က ပြောလိုက်ပါတယ်။
မကြာခင်ရက်တွေက တစ်ဘက်နဲ့ တစ်ဘက် ကွက်ကြား တိုက်တာတွေ ရှိပေမဲ့ အစ္စရေး လက်ဘနွန် အပစ်ရပ်ရေး သဘောတူညီချက် ဆက်လက် ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကမ္ဘာမှာ အကြီးအကျယ်အောင်မြင်မှုတဲ့ ရုပ်ရှင်ကား "The Lord of the Rings" သရုပ်ဆောင်တွေ အခုအသစ်ထွက်တဲ့ "The Lord of the Rings: The War of the Rohirrim" ကာတွန်းကား မိတ်ဆက်ပွဲကို လာတက်ရောက်သွားကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကြေညာချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။
တောင်ကိုရီးယားမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကို သမ္မတ Yoon Suk Yeol က ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။
သမ္မတ Yoon Suk Yelo က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေဟာ လွှတ်တော်ကိုထိန်းချုပ်ထားပြီး နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်္ဘာ ၃ ရက်က အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတကို ရာထူးကဖယ်ရှားဖို့ အဆို တင်သွင်းလိုက်ပါတယ်။
မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာလို့ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းငါးဖမ်း စက်လှေသမား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ညှိနှိုင်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှီနာဝပ် Paetongtarn Shinawatra က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံတာကြောင့် လူပေါင်း ၃၀,၀၀၀ ကျော် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရသလို လူပေါင်း ၂၉ ဦး အထိ သေဆုံး၊ ရေဘေးသင့်မိသားစုတသိန်းခွဲကျော်ရှိတယ်လို့ ဒီရက်ပိုင်းတွေအတွင်း မိုး ဆက်လက်ရွာသွန်းနေမှာဖြစ်ကြောင်း ထိုင်းအစိုးရက ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ စီစဉ်နေပြီး လာမယ့် ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ဒီအကြောင်းအရာနဲ့ နီးစပ်သူတဦးက VOA ကို ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်