ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ အင်တာနက်စည်းမျဉ်းသစ်တွေ စတင်အသက်ဝင်လာပြီး ဖေ့ဘုတ် (Facebook) နဲ့ တစ်တော့ (TikTok) အသုံးပြုသူတွေ သူတို့ရဲ့ မှတ်ပုံတင်တွေကို အတည်ပြုသုံးစွဲရတော့မှာဖြစ်ပါတယ်။
အစ္စရေးရဲ့ စီးပွားရေးအချက်အခြာကျတဲ့ Tel Aviv မြို့က လေယဉ်ကွင်းကို မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yemen နိုင်ငံက ဟူသီသူပုန်တွေကပြောပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ Yemen က Sannaa နိုင်ငံတကာလေဆိပ်ကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်ကိုရီးယားစစ်သားတယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိပေမဲ့ ရရှိထားတဲ့ပြင်းထန်ဒဏ်ရာတွေကြောင့် တရက်အကြာ ဒီနေ့မှာ သေဆုံးသွားတယ်ဆိုတာ မဟာမိတ် ထောက်လှမ်းရေးဌာနတွေရဲ့ အတည်ပြုချက်ရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန NIS က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် စံချိန်တင်တိုးမြှင့်ထားတဲ့ အစိုးရအသုံးစရိတ်ကို ဒီနေ့ အတည်ပြု လိုက်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအပါအဝင် လာမယ့်နှစ် ဧပြီလမှာ စတင် အသက်ဝင်မယ့် ရသုံးမှန်းခြေအသုံးစရိတ် ဒေါ်လာ ဘီလျံ ၇၃၀ ကို ဂျပန်အစိုးရက အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ယာယီသမ္မတ Han Duck-soo ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ယာယီသမ္မတက ကာကွယ်နေတယ်လို့ဆိုပြီး တရားစွဲဖို့ လူများစု အတိုက်အခံ အမတ်တွေက ဒီနေ့ သောကြာနေ့မှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။
ယီမင်က ဟူသီသူပုန်တွေ သိမ်းထားတဲ့ ဆာနား မြို့တော်နဲ့ ယီမင်ဆိပ်ကမ်း တွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲရှိရာ နေရာနား မှာပါ ထိမှန်ခဲ့ပါတယ်။
ရုရှားကို ထွက်ပြေးသွားတဲ့ Assad နဲ့လူမျိုးတူ Alawite တွေ အဓိကနေထိုင်တဲ့ Tartus မှာ ယာယီ အစိုးရလုံခြုံရေးအဖွဲ့တွေက Assad ကိုလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဒီနေ့ စစ်ဆင်ရေး စတင်လိုက်ပြီး တချို့ကို သုတ်သင်ခဲ့တယ်လို့ SANA သတင်းအေဂျင်စီကပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ရေကာတာအသစ် တည်ဆောက်ဖို့ တရုတ်အစိုးရက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ တိဘက်တောင်တန်း အရှေ့ဘက်ခြမ်းကိုပတ်ပြီးဆောက်မယ့် ဒီဆည်ကြောင့် မြစ်အောက်ပိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေအတွင်း ဒရုန်း ၃၁ စင်းထဲက အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ Chernihiv, Dnipropetrovsk, Kharkiv နဲ့ Kyiv ဒေသတွေမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလေကြောင်းတပ်က ပြောပါတယ်။
ဂျပန်နိုင်ငံက JAL လေကြောင်းလိုင်းကို ဆိုင်ဘာတိုက်ခိုက်မှုခံရတဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ကြန့်ကြာခဲ့ပါတယ်။ ဒေသစံတော်ချိန်မနက် ၇ နာရီခွဲလောက်မှာ စပြီးတိုက်ခိုက်ခံခဲ့ရပုံရကြောင်းနဲ့ တနာရီလောက်အကြာမှာ ပြဿနာဘာကြောင့်ဖြစ်သလဲဆိုတာသိရှိပြီး ဖြေရှင်းခဲ့တယ်လို့ JAL ကပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့နိုင်ငံတွေမှာ လူပေါင်း သိန်းချီ သေဆုံးခဲတဲ့ ဆူနာမီ ဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခံရတာ အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဆူနာမီလှိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ ဒီနေ့ ကျင်းပကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်