အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ မြန်မာနိုင်ငံဘက်က စိတ်ကြွဆေးတွေ သယ်ဆောင်သူတွေဟာ ရေလမ်းကြောင်းအတွက် Star Link ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို သုံးခဲ့တာကြောင့် အသေးစိတ်အချက်အလက်တွေ သိရဖို့ အိန္ဒိယအာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲ တိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ဒီကနေ့ အင်္ဂါနေ့မှာစတင်လိုက်ပြီး ရုရှားရဲ့ကျူးကျော်မှုကို ယူကရိန်းနေနဲ့ ကိုယ့်ဘာသာကိုယ် ဆက်လက်ခုခံသွားနိုင်အောင်ကူညီရေး ဦးစားပေးဆွေးနွေးဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံမှာ မိုးအကြီးအကျယ်ရွာသွန်းတာကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးပြီး သောင်းနဲ့ချီ ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရကြောင်း ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။ နောက်ထပ်လည်း မိုးကြီးရွာသွန်းနိုင်တာကြောင့် ၂ နိုင်ငံလုံးကမှာ ခိုလှုံရာနဲ့ ကယ်ဆယ်ရေး ပြင်ဆင်နေကြပါတယ်။
"တချို့သိထားကြတဲ့အတိုင်း ကျွန်တော့်မှာ မျက်စေ့ပြဿနာရှိပါတယ်။ အခုဆို မျက်စေ့က မမြင်ရတော့ပါဘူး။ သရုပ်ဆောင်တာ မတွေ့ရပေမဲ့ ဒီပြဇာတ်ကို ကြိုက်ပါတယ်" လို့ ပြောကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် တဦးသေဆုံးတယ်လို့ လက်ဘနွန်ကျန်းမာရေးဌာနက တနင်္လာနေ့က ထုတ်ပြန်သလို၊ လက်ဘနွန်အရှေ့ခြမ်းမှာလည်း တိုက်ခိုက်မှုကြောင့် စစ်သားတဦး ထိခိုက်ဒဏ်ရာရတယ်လို့ လက်ဘနွန် စစ်တပ်က ပြောပါတယ်။
ဂျော်ဂျီယာနိုင်ငံအနေနဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမယ့် အစီအစဉ်တွေကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်တဲ့နောက်၊ အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ လမ်းပေါ် ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်လာခဲ့တာပါ။
ဒီ တခေါက် ဇာတ်လမ်းတွဲမှာက လက်စားချေတာတွေ၊ ပထမတခေါက်ထက် ပိုစိတ်ဝင်စားစရာ စိန်ခေါ်မှုတွေပါလာမယ်လို့ ဒီဇာတ်လမ်းတွဲဖန်တီးတင်ဆက်သူ Hwang Dong-hyuk က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ Gaibandha ခရိုင်အတွင်းက ရွေးကောက်ပွဲဆိုင်ရာ အရာရှိတွေထံမှာ မဲပေးခွင့်မှတ်ပုံတင်လာလုပ်သူ ရိုဟင်ဂျာ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၆၈၀ ထောက်ပံ့ကူညီဖို့ ယူကရိန်းကို ဒီကနေ့ ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကတိပြုပြောဆိုပါတယ်။ သူ့ရဲ့ အခုခရီးစဉ်က ဒီကတိကဝတ်ကို အားဖြည့်ဖို့ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။
မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီကနေ့ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။
HIV/AIDS ရောဂါ ခြိမ်းခြောက်မှုတွေ ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်စေဖို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ကမ္ဘာတဝန်းက မိတ်ဖက်အဖွဲ့အစည်းတွေအကြား တညီတည်း လှုပ်ရှားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တိုက်တွန်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်