ရုရှားနိုင်ငံ Oryol အာရီရိုလ်ဒေသက Shahed တာဝေးပစ် ဒုံးလက်နက်တွေ သိုလှောင်ပြုပြင်ထိန်းသိမ်းတဲ့ နေရာတခုကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က ဒီနေ့ ပြောကြားပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ဟောင်း Manmohan Singh ရဲ့ ဈာပနအခမ်းအနားကို New Delhi မြို့တော်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ယမုံနာမြစ်ကမ်းဘေးမှာ ကျင်းပတဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မိသားစုဝင်တွေအပြင် အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
ဖင်လန်နဲ့ အက်စ်တိုးနီးယား ကြားဆက်ထားတဲ့ ရေအောက် ကေဘယ်လိုင်း တမင်ဖျက်ဆီးတာခံခဲ့ရတယ် လို့သံသယ ရှိခဲ့တဲ့ နောက်မှာ NATO စစ်မဟာမိတ် အဖွဲ့ဟာ ဘောလတစ်ပင်လယ်တွင်း စစ်တပ်ချထားမှုကို တိုးမြှင့်မှာ ဖြစ်ကြောင်း NATO အတွင်းရေးမှုးချုပ် Mark Rutte က သောကြာနေ့မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ဆေးရုံ ၃ ခုထဲက Kamal Adwan ဆေးရုံကို သောကြာနေ့မှာ အစ္စရေးတပ်တွေ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဝင်ရောက်စီးနင်းရာမှာ မီးတင်ရှို့ခဲ့တဲ့ အတွက် ဒါဇင်နဲ့ချီတဲ့ လူနာအပါအဝင် ရာနဲ့ချီထွက်ပြေးခဲ့ရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားဘက်ကနေ ကူညီတဲ့ မြောက်ကိုရီးယား တပ်သား ၁ ထောင်လောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ရှေ့တန်း စစ်မြေပြင် ဖြစ်တဲ့ ရုရှားပိုင်နက် Kursk ဒေသမှာ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံရဲ့ အင်တာနက်စည်းမျဉ်းသစ်တွေ စတင်အသက်ဝင်လာပြီး ဖေ့ဘုတ် (Facebook) နဲ့ တစ်တော့ (TikTok) အသုံးပြုသူတွေ သူတို့ရဲ့ မှတ်ပုံတင်တွေကို အတည်ပြုသုံးစွဲရတော့မှာဖြစ်ပါတယ်။
အစ္စရေးရဲ့ စီးပွားရေးအချက်အခြာကျတဲ့ Tel Aviv မြို့က လေယဉ်ကွင်းကို မစ်ဇိုင်းဒုံးနဲ့ ဒီနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yemen နိုင်ငံက ဟူသီသူပုန်တွေကပြောပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ Yemen က Sannaa နိုင်ငံတကာလေဆိပ်ကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်ကိုရီးယားစစ်သားတယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိပေမဲ့ ရရှိထားတဲ့ပြင်းထန်ဒဏ်ရာတွေကြောင့် တရက်အကြာ ဒီနေ့မှာ သေဆုံးသွားတယ်ဆိုတာ မဟာမိတ် ထောက်လှမ်းရေးဌာနတွေရဲ့ အတည်ပြုချက်ရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန NIS က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် စံချိန်တင်တိုးမြှင့်ထားတဲ့ အစိုးရအသုံးစရိတ်ကို ဒီနေ့ အတည်ပြု လိုက်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံအပါအဝင် လာမယ့်နှစ် ဧပြီလမှာ စတင် အသက်ဝင်မယ့် ရသုံးမှန်းခြေအသုံးစရိတ် ဒေါ်လာ ဘီလျံ ၇၃၀ ကို ဂျပန်အစိုးရက အတည်ပြု လိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ယာယီသမ္မတ Han Duck-soo ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ယာယီသမ္မတက ကာကွယ်နေတယ်လို့ဆိုပြီး တရားစွဲဖို့ လူများစု အတိုက်အခံ အမတ်တွေက ဒီနေ့ သောကြာနေ့မှာ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။
ယီမင်က ဟူသီသူပုန်တွေ သိမ်းထားတဲ့ ဆာနား မြို့တော်နဲ့ ယီမင်ဆိပ်ကမ်း တွေကို ပစ်မှတ်ထားပြီး ကြာသပတေးနေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့ရာမှာ ဆာနားလေဆိပ်မှာ လေယာဉ်ပေါ်တက်ဖို့ လုပ်နေတဲ့ WHO အကြီးအကဲရှိရာ နေရာနား မှာပါ ထိမှန်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်