"..အဲဒီမေးခွန်းတွေဟာ အခုအချိန်မှာ အားလုံးစဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ နယ်မြေအလိုက် လွှမ်းမိုးထားတဲ့ တိုင်းရင်းသားလက်ရုံးအဖွဲ့အစည်းက သူတို့နယ်မြေလို့ မှတ်ယူထားတဲ့ ဒေသတွေကို ထိန်းချုပ်ပြီးသွားရင် ဘာဖြစ်မလဲ ဆိုတာပါ။ သူတို့ဘာဆက်လုပ်ကြမလဲ ဆိုတာပါ။"
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ရိုဟင်ဂျာဒုက္ခသည်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ပိုများလာနေတဲ့အတွက် အခြေအနေ ပိုဆိုးလာမယ်လို့ မျှော်လင့်ကြောင်း ကော့်ဇ်ဘဇားမှာရှိတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းညှိနိုင်းရေးမှူး Stephanie Hoffman က X လူမှုကွန်ယက်မှာ ပြောပါတယ်။
"ဒေါင့်ဘိုးရွာကို ဗုံးကြဲသွားတာပေါ့နော်။ လေယာဉ်နဲ့ ကြဲသွားတာ။ လင်မယား ၂ ယောက် ပွဲချင်းပြီးသေသွားတာ။ နွားတွေလည်း သေသွားတယ်။ လေကြောင်းတိုက်ခိုက်မှုက နွားထိုးကြီး နယ်ထဲမှာ အမြဲတမ်းလိုလို လော်ဘီတွေက ဟိုပြောဒီပြော လျှောက်ပြောတာနဲ့ အကုန်လျှောက် လုပ်နေတာပါပဲ။" (မြင်းခြံ အမှတ် (၄၁၀) တပ်ရင်းပြောခွင့်ရ)
ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နောက်ထပ် ခန့်မှန်းခြေ လူ ၃ သိန်း ၆ သောင်း လောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးကြရတဲ့အတွက် အခုဆိုရင် နေရပ်စွန့်ခွား ထွက်ပြေးနေရတဲ့ အရေအတွက် ၅ သိန်း ၇ သောင်း နီးပါး ရှိလာတဲ့အကြောင်း UNOCHA က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ် ရွှေကုက္ကိုမြို့မှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်မှုတွေ ဖြစ်ပွားနေတာကြောင့် မဲဆောက်အနီး Tak ခရိုင်အတွင်း နယ်စပ်ဖြတ်သန်းခွင့် တလ တိတိ ပိတ်ပင်မယ့်အကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးချုပ်လည်းဖြစ် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Phumtham Wechayachai က ကြေညာပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထိုင်းဆေးရုံတွေမှာ ပြင်ပနိုင်ငံက နိုင်ငံခြားသားလူနာတွေ ရုတ်တရက် များလာပြီး ဆေးကုနေကြတဲ့အတွက် ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဝန်ထုတ်ဝန်ထိုး ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
ရှေ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံတာဝန်ယူတဲ့အခါ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို ကိုယ်ရေးအကြံပေးအဖြစ်ခန့်ထားရေး အဆိုပြုချက်အပေါ် ထောက်ခံဖို့ မလေးရှားဝန်ကြီးချုပ် Awar Ibrahim က အလွတ်သဘော အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
“မင်းတပ်ကို ၂၁ ရက်နေ့ မနက်ပိုင်းမှာ ရပါတယ်။ မြို့ပေါ်မှာရှိတဲ့စခန်း အတော်များများကို တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရတာပါ။ လက်နက်ချအညံ့ခံလာတာ ရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦး၊ မိသားစုတွေပါ ပေါင်းလိုက်ရင် ၁၆၀ ဝန်းကျင်ရှိပါတယ်။” (ဆလိုင်းယောမာန်-CB ပြောခွင့်ရ)
ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရွှေက္ကိုလ်မှာ တရုတ်နိုင်ငံသားတွေကတဆင့် ကာလဝမ်းရောဂါ ဖြစ်ပွားနေတာကြောင့် လူနာတချို့ကို ထိုင်းဘက်က တာ့ခရိုင်ထဲကမယ်လမ၊ မဲဆောက် ဆေးရုံတွေကိုပို့ပြီးကုသနေရပါတယ်
တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ မြို့နယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်နေတဲ့အတွက် နှစ်လအတွင်းမှာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မှာ ရောဂါဖြစ်ပွားနေတာကြောင့် ကြိုတင်ကာကွယ်ဖို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက Tak ခရိုင်မှာ အရေးပေါ်ဌာနတွေ ဖွင့်လှစ်လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့တာပါ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ အများအပြား ခိုလုံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေထဲမှာ Hepatitis C အသဲရောင်အသားဝါ ရောဂါ ပြန့်နှံ့ဖြစ်ပွားနေတာကို ထိန်းချုပ်ဖို့ ဥရောပသမဂ္ဂ EU က ယူရိုငွေ ၁ သန်း ကူညီမယ့်အကြောင်း ဥရောပကော်မရှင်က သောကြာနေ့က ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်