ထိုင်းမြန်မာနယ်စပ် မြဝတီဘက်က ကောစင်တာလို့ခေါ်တဲ့ ဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေကိုပို့မယ့် တရုတ်ထုတ် ဟွာဝေး (Huawei) ဖုန်း အဟောင်း ၁၀၀၀ ကျော်ကို မဲဆောက်-မြဝတီနယ်စပ် ထစိုင်လွတ်နယ်မြေမှာ တနေ့ ဗုဒ္ဓဟူးနေ့ကဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။
ကချင်ပြည်နယ်မှာ စီးပွားရေးအရအရေးပါတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် တပ်စခန်း ၄ ခုကို ၂ ရက်အတွင်း သိမ်းယူခဲ့တယ်လို့ KIA ကပြောပါတယ်။ တပ်စခန်းတွေကနေ စစ်တပ်တွေ ဆုတ်ခွာနေပေမဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်ထားတဲ့ Facebook လို၊ အွန်လိုင်းဝဘ်စာမျက်နှာတွေထဲဝင်နိုင်ဖို့ သုံးနေကြတဲ့ VPN ကြားခံအင်တာနက်ကွန်ရက် App တွေ ဖုန်းထဲမှာ ရှိမရှိ ရန်ကုန်မြို့၊ မန္တလေးမြို့တွေမှာ အာဏာပိုင်တွေ လိုက်လံစစ်ဆေးနေပါတယ်။ တချို့နေရာတွေမှာ VPN app တွေ့လို့ အဆမတန် ဒဏ်ငွေရိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကြီးထွားလာနေတဲ့ စီးပွားရေးပြဿနာတွေက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကြောင့် ဖြစ်လာတဲ့ "ပြည်တွင်းဖြစ်" ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကသာ မြန်မာပြည်အတွက် အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့သူတွေ ဖြစ်ပါတယ်။ ( ပါမောက္ခ Sean Turnell )
မြန်မာ့ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကင် ခေါင်းဆောင် Mitch McConnell ကို ဇွန်လ ၁၃ ရက်မှာ ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ၂၀၂၄ ဒီမိုကရေစီ ပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်လိုက်ပါတယ်။
ကမ္ဘာတလွှား တိုက်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ၊ ဥတုရာသီပြောင်းလဲမှုနဲ့ တခြားဖြစ်ရပ်ဆိုးတွေကြောင့် အိုးအိမ်ပြောင်းရွှေ့သူတွေဟာ မကြုံစဖူး စံချိန်တင် မြင့်မားလာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR က ၂၀၂၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ Global Trend အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က မှတ်တမ်းပြုစုနေပေမဲ့မှတ်တမ်းကောက်ယူသူ ဝန်ထမ်းတွေအတွက် လုံခြုံရေးစိန်ခေါ်မှုတချို့ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီလက်ထက် ဒီနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ထားပြီး အောင်ချက်ရာခိုင်နှုန်းက ၅၇ ရာခိုင်နှုန်းကျော်ရှိတယ် ဖော်ပြထားပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၃၀,၀၀၀ နီးပါးသာရှိပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ အဆမတန်ကွာဟနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်တွေကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်ပစ်ထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် မေလကုန်ချိန်မှာ သန်း ၁၂၀ အထိတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံထဲ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာတာ၊ စီးပွားရေးမူဝါဒ မတည်ငြိမ်လာတာကြောင့် မိသားစု စားဝတ်နေရေး ပိုခက်လာပြီး ကုန်စည် ထုတ်လုပ် တင်ပို့မှုတွေ ထိခိုက်လာနေတယ်လို့ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ အဓိက ထောက်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်