လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ချင်းနဲ့ ကရင်နီဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဘိုး ကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းနဲ့ ရွှေဈေးတွေ ရုတ်တရက် မြင့်တက်လာတာကို ထိန်းချုပ်တဲ့ အနေနဲ့ စီးပွားရေးလောကက လူအများအပြားကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံကျေးရွာသား အနည်းဆုံး ၇၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်လိုက်ပါတယ်။ AA အဖွဲ့ရဲ့ ဒီကနေ့ စွပ်စွဲချက်ကိုတော့ စစ်ကောင်စီကတော့ ငြင်းဆန်လိုက်ပါတယ်။
မြန်မာကျပ်ငွေ ထိုးကျပြီး ပြင်ပနိုင်ငံခြားငွေဈေးနဲ့ ရွှေဈေး ဆန်ချိန်တင်လောက်အောင် တက်သွားတာကို ထိန်းချုပ်ဖို့ ရွှေနဲ့ ဒေါ်လာ တရားမဝင်ရောင်းဝယ်သူ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းဝယ်သူတွေ အပါအဝင် အနည်းဆုံး ၃၅ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီးစိစစ်နေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
ထိုင်းနိုင်ငံမှာ ဇွန်လ ၁ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံက ဧည့်သည်တွေကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ရက် ၆၀ အထိ လာရောက်ခွင့် ထိုင်းအစိုးရ ခွင့်ပြုလိုက်ပေမဲ့ အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေကို ချန်လှပ်ထားပါတယ်။
မြန်မာနိုင်ငံ ကျေးလက်ဒေသနဲ့ ဝင်ငွေနည်းမိသားစုတွေအတွက် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ ရင်ဆိုင်လာရတဲ့ အကန့်အအသတ်တွေကို ကူညီဖြေရှင်းနိုင်ရေး ဆန်းစစ်ချက် အစီရင်ခံစာတစောင် ကမ္ဘာဘဏ်က မနေ့က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ ဒီရက်ပိုင်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်တဦး ပြင်းထန်ဒဏ်ရာတွေရခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှု ပျက်ပြားပြီး မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန် ပမာဏ မညီမျှတာ၊ စစ်ကောင်စီက ငွေကြေး ရိုက်နှိပ် ထုတ်ဝေတဲ့ နည်းလမ်းကိုပဲသုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမ အခြေအနေကို ရောက်နေတဲ့အကြောင်း
“မြန်မာ၊ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့” - လို့ ဗာတီကန်ကျောင်းတော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရွှေဈေး မတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ရွှေဈေးကတော့ သိသိသာသာ ပြန်မကျသေးဘူးလို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးအတွက် နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သာမက စစ်ကောင်စီ အကြီးအကဲကပါ အမှတ်တရ လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်