မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်တွေကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်ပစ်ထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် မေလကုန်ချိန်မှာ သန်း ၁၂၀ အထိတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံထဲ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာတာ၊ စီးပွားရေးမူဝါဒ မတည်ငြိမ်လာတာကြောင့် မိသားစု စားဝတ်နေရေး ပိုခက်လာပြီး ကုန်စည် ထုတ်လုပ် တင်ပို့မှုတွေ ထိခိုက်လာနေတယ်လို့ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ အဓိက ထောက်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က စစ်ဆေးရေးဂိတ်မှာ ထိုင်းဘတ်ငွေ ၁ သန်းလောက်တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် တရားမ၀င် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့ အနီးတဝိုက်မှာ အင်အား အများအပြားနဲ့ စုဖွဲ့ဝိုင်းရံလာတဲ့ TNLA တပ်ဖွဲ့တွေကြောင့် လားရှိုးအခြေစိုက် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်ခြေ အလားအလာများနေကြောင်း လားရှိုးဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံပြဿနာကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက် ဖြေရှင်းသွားမှာဖြစ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ အာရုံစိုက်ဆောင်ရွက်နေတယ်လို့ ဝါရှင်တန် ဒီစီမြို့တော်မှာရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ကာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် မနေ့က စစ်ကြောင်းနဲ့ ဝင်ရောက်ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအရေး အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို ကူညီထောက်ခံပေးဖို့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က X လူမှုကွန်ယက်မှာ မနေ့ ဇွန်လ ၁၂ ရက်နေ့က ရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်ပို့ခဲ့ပါတယ်။ အများစုကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ၊ လူပွဲစားတွေနဲ့လာကြသူတွေ၊ အကျဉ်းထောင်မှာနှစ်ရှည်အကျဉ်းကျခံပြီးသူတွေဖြစ်ကြပါတယ်။
မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက ဒေသခံ အယောက် ၅၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အယောက် ၂၀ ကျော်သာ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ကျန် ၃၀ ကျော်ကိုတော့ အခုချိန်ထိ မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"အတင်းအဓမ္မ စစ်သား စုဆောင်းစရာမလိုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့မှာ စစ်သားတွေက 'ဒီအပတ်စဉ်မှာလူပြည့်လို့ နောက်အပတ်စဉ်မှလာ' ဆိုပြီးလုပ်နေရတဲ့ အနေအထားမျိုးပါ။ ကျနော်တို့အနေနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းစရာမလိုပါ။" (ခိုင်သုခ- AA ပြောခွင့်ရ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာစစ်ဘေးကူညီရေးရုံးခန်းတခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူတဦးကို ကိုယ်ထိလက်ရာက်ကျူးလွန်ခဲ့တဲ့အပေါ် ဥပဒေကြောင်းအရ ပြန်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်