အဲဒီနေ့က အဖြစ်အပျက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနဲ့ ရှင်းပြခဲ့တာမှာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်ခဲ့မိတာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်ပစ်ခတ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတိပေး ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ သူသိထားသလောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး သူတို့အရင်စီစဉ်ထားရှိတဲ့ နေရာမှာပဲ ရှိနေပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ဇွန်လ ၂၀ ရက်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက် စစ်တပ်ရဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေရပ်အောင် ကံဆောင်ချိန်ရောက်ပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက မိန့်ကြားလိုက်ပါတယ်။
တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဆရာတော်တပါးက မိန့်ကြားခဲ့ပြီးနောက်၊ ဆရာတော်ရဲ့ မိန့်ကြားမှုဟာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာကြောင့် အဖြစ်မှန်ပို စိစစ်ဖော်ထုတ်နေတယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ယာယီအပစ်အခတ်ရပ်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့ထဲက တအာင်း TNLA တပ်တွေရှိတဲ့ မြို့နယ် ၃ ခုအပေါ် စစ်တပ်ဘက်က တိုက်ခိုက်နေတယ်လို့ TNLA ကပြောပါတယ်။ ဇွန်လဆန်းထဲက စလို့ ၂ ဘက် စစ်ရေးတင်းမာနေတာဖြစ်ပြီး အခုလို သူတို့ တပ်စခန်းတွေအပေါ် လာတိုက်တာဖြစ်တယ်လို့ TNLA က VOA ကိုပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်ထားတဲ့ ကရင်နီ နယ်မြေမှာ စာသင်ကျောင်း စုစုပေါင်း ၄၅၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား အရေအတွက် ၄၆,၀၀၀ ကျော် ရှိနေကြောင်း IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
မိုးရာသီတွင်း မြဝတီတောလမ်း သွားလာရခက်ခဲနေပြီး မြို့တွင်းကုန်စည် စီးဆင်းနိုင်ဖို့နဲ့ ခရီးသွားလာသူတွေ အခက်ကြုံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် အသွားအလာတားမြစ်ထားတဲ့ အာရှလမ်းကို ပြန်အသုံးပြုနိုင်ဖို့ ဒေသခံတွေနဲ့ ကုန်သည်တွေမျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းအခြေနေနဲ့ နယ်စပ်ကိုပါကျော်ဖြတ်ပြီး ဖြစ်ပွါးတဲ့ပြဿနာတွေ ဆိုးဝါးလာနေတာအတွက် အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ တခြားအလှူရှင် နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက အထူးစိတ်ပူဆဲဖြစ်ကြောင်း ဇွန်လ ၂၀ နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံပျံတော်မူခဲ့ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီလုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ကြောင်း ဖြစ်စဥ်မှာအတူရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က ဈာပနအစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် Den Xijun ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့ကရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ရာမှာ နယ်စပ်တည်ငြိမ်ရေးနဲ့ အပြန်အလှန်အကျိုးတူကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်