မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှုအပေါ် စစ်ကောင်စီက စိစစ်အရေးယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် အခုနှစ်ရဲ့ ဒုတိယနဲ့ တတိယ ၄ လပတ်တွေအတွင်း အရောင်းကျသွားနိုင်တယ်လို့ ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းများ လုပ်ငန်းရှင်အသင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို ဒီကနေ့ပဲ နေရပ်ပြန်ဖို့ လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။
" အဝေးပြေးလမ်းအတိုင်း မောင်းလာတဲ့ ဘတ်စ်ကား ၄ စီးပေါ်မှာ တရားမဝင်မြန်မာ ၁၀၄ ဦး သယ်လာတယ် တစီးကို လူ ၂၀ ကနေ ၃၀ ကြားထိပါတယ်။ လူပွဲစားတွေက တင်ခေါ်လာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု လဝက ဥပဒေအရ လူအစုလိုက်အပြုံလိုက် ၁၀၄ ယောက် မိတာဖြစ်လို့ လူကုန်ကူးမှုအရ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံရမှာဖြစ်ပါတယ်။"
စစ်ရေးတင်းမာခဲ့တဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်ကမ်းနံဘေးက အိုးအိမ်စွန့်ခွာသွားတဲ့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာကြတယ်လို့ ရွာခံနဲ့ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ ကော့ဘိန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းပြသဖို့ နေရပ်ပြန်ခေါ်နေပါတယ်။
အထူးသဖြင့် အွန်လိုင်းပေါ်မှာ စာသင်သူတွေ၊ စီးပွားရှာသူတွေ အတော်အခက်တွေ့နေကြပါတယ်။ အွန်လိုင်းမှာ Live လွှင့်ပြီး ဈေးရောင်းသူတယောက်က အရောင်းအဝယ် သိသိသာသာ ကျဆင်း ထိခိုက်သွားတယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ လူတွေ သေဆုံး၊ အိုးအိမ်မဲ့ဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတိုင်းအတာ ပမာဏကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လိမ့်မယ်လို့ ကွာလာလမ်ပူမြို့တော်မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာရှ ပိစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်တဲ့အတွက် ငပလီကမ်းခြေမှာရှိတဲ့ ကျေးရွာတချို့အပေါ် လက်နက်ကြီးတွေကျလို့ သေဆုံးသူ များတယ်လို့ ဒေသခံတွေက VOA ကိုပြောပါတယ်။
ဇွန်လ ၄ရက်နေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲတခုမှာ ၃၅နှစ်ပြည့်ပြီဖြစ်တဲ့ တီယန်နန်မင်ဖြစ်စဉ်နဲ့ပတ်သက်လို့ ထွက်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရှစ်လေးလုံးလူထုအုံကြွမှုနဲ့ မရှေးမနှောင်းဖြစ်တဲ့ တီယန်နန်မင်ဖြစ်စဉ် နှိုင်းယှဉ်သုံးသပ်ချက်ကို ကိုငြိမ်းချမ်းအေးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေတိုးလာနေတာကို ကုလအတွင်းရေးမှူးချုပ် Antonio Guterrus က အထူးစိုးရိမ်ကြောင်းနဲ့ မကြာသေးခင်က စစ်တပ်က ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် ဒေသတလွှားမှာ အရပ်သားတွေကို အစုလိုက်သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
"ထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ ဇွန်လ ၆ ရက် နေ့စွဲနဲ့အတည်ပြုလိုက်တယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို့ဝ်- ၄ နိုင်ငံက အထောက်အထားမဲ့တွေအတွက် ကောင်းတယ်။" (ဦးမိုးကြိုး- မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ )
“အုပ်ချုပ်ရေးဌာနကနေပြီးတော့မှ အဓိက,ကတော့ နမ့်ဖတ်ကာပဲပေါ့နော်။ နမ့်ဖတ်ကာတွေ၊ အဲဒါတွေကတော့ အဓိက ဖြစ်မှာပါ။ ကျနော်တို့ သိမ်းပိုက်ထားတဲ့ ရွာတွေကို ကျနော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပြန်ချတာကိုပဲ ပြောတာပါ။ အရင် ကျနော်တို့ အုပ်ချုပ်တဲ့နေရာတွေပဲဖြစ်ပါတယ်။ ”(ဗိုလ်မှူးကြီး နော်ဘူ-KIA ပြန်ကြားရေးတာဝန်ခံ)
ရခိုင်ပြည်နယ်၊ သံတွဲမြို့ လေဆိပ်တဝိုက်နားမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် ငပလီပင်လယ်ကမ်းခြေ အပန်းဖြေနေရာတွေဘက်ကို ဒေသခံတွေ ထွက်ပြေးခဲ့ကြသလို စစ်တပ်ကလည်း ဟိုတယ်တချို့ထဲ ဝင်ရောက် စခန်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်