ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ၇၉ နှစ်ပြည့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံသံရုံးတချို့က သူတို့ရဲ့ Facebook လူမှုကွန်ရက်တွေပေါ်မှာ ပုံတွေတင်ပြီး ဂုဏ်ပြုကြပါတယ်။
သံမဏိနှင်းဆီလို့တင်စားကြလေ့ရှိတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရန်ကုန်မြို့အပါအဝင် ပြည်တွင်းမြို့တချို့မှာ ပန်းသပိတ်အပါအဝင် လှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။ အန္တရာယ်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေလုပ်ခဲ့ကြတာပါ။
ချင်းပြည်နယ် မတူပီမြို့နယ်ထဲက စစ်တပ်စခန်းတွေကို သိမ်းနိုင်ဖို့ ချင်းညီနောင် မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်နေတာမှာ ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်တပ်စခန်း ခမရ (၃၀၄) ကိုတော့ ဇွန် ၁၇ ရက်က သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင် ပူးပေါင်းတော်လှန်ရေး အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ကို Timor-Leste (အရှေ့တီမော) နိုင်ငံမှာ ဒီနေ့ကျင်းပတာမှာ သမ္မတ Jose Ramos-Horta (ဂျိုဆေး ရာမို့စ် ဟော်တာ) ကိုယ်တိုင် တက်ရောက်ပါတယ်။ ဒီပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်နဲ့ မဲလမဲ့ခရိုင်တွေကို လိပ်မူပြီး ပို့ဖို့ပြင်နေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်း ၅၈ ခုကို ထိုင်တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ ဂုဏ်ပြုဖွယ်အခမ်းအနားကို Timor-Leste တီမော လတ်စ်တေ နိုင်ငံ မှာ ဒေသစံတော်ချိန် ညနေပိုင်းမှာ ပြုလုပ်ဖို့ရှိပြီး သမ္မတ Dr. Jose Ramos-Horta ကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်ပါတယ်။
ထောင်ဒဏ် (၂၇)နှစ် ချမှတ်ထိမ်းသိန်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် မွေးနေ့ ဂုဏ်ပြုလှုပ်ရှားမှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း မှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်နေကြပါတယ်။
မင်းတပ်မြို့နယ် တိုက်နယ် ၁၃ ခုက စစ်ဘေးရှောင်တွေထဲမှာ အသက် ၅ နှစ်အောက်ကလေးငယ် ၄ ဦးနဲ့ အသက် ၄၀ အထက် ၅ ဦး စုစုပေါင်း ၉ ဦးတို့ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တာဝန်ခံတွေက ပြောပါတယ်။
"လူ့အခွင့်အရေးကောင်စီမှာ အခုလိုစုဝေးချိန် မြန်မာပြည်အကြောင်း ထပ်ဆွေးနွေးရပြန်ပါပြီ။ တရားမဝင်တဲ့စစ်ကောင်စီရဲ့ဖိနှိပ်မှုဒဏ်ကို မျက်မြင်ကြုံနေရပါပြီ။ မြန်မာပြည်ဟာ တကယ့်ကို ချုံးချုံးကျ နာကျင်နေရပါပြီ။" (လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသူတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အနေနဲ့ စစ်ကောင်စီကို တောင်းဆိုတိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။
"ဆောထိ (ရွှေကျင်) မြို့နယ်ထဲမှာပါ။ ခလရ ၂၆၄ ရယ်၊ ခမရ ၂၀ ရယ်က ရွှေကျင်ဗျူဟာကနေ လက်နက်ကြီးနဲ့နေ့တိုင်းပစ်နေတော့ အခုက ဒေသခံနှစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။" (ဒေသခံ)
ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်