မြန်မာနိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှု ပျက်ပြားပြီး မြန်မာငွေကြေးအပေါ် ယုံကြည်မှုမရှိတော့တာ၊ ပို့ကုန်နဲ့ သွင်းကုန် ပမာဏ မညီမျှတာ၊ စစ်ကောင်စီက ငွေကြေး ရိုက်နှိပ် ထုတ်ဝေတဲ့ နည်းလမ်းကိုပဲသုံးပြီး ဖြေရှင်းနေတာတွေကြောင့် တိုင်းပြည်စီးပွားရေး ကမောက်ကမ အခြေအနေကို ရောက်နေတဲ့အကြောင်း
“မြန်မာ၊ ယူကရိန်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေး ဆုတောင်းပေးကြဖို့လည်း မမေ့ကြပါနဲ့” - လို့ ဗာတီကန်ကျောင်းတော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis မိန့်ကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရွှေဈေး မတည်ငြိမ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အာဏာပိုင်တွေ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ရွှေဈေးကတော့ သိသိသာသာ ပြန်မကျသေးဘူးလို့ အရောင်းအဝယ် လုပ်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က မင်္ဂလာပွဲတခုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ၃၀ နီးပါး သေဆုံးပြီး နောက်ထပ် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးအတွက် နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သာမက စစ်ကောင်စီ အကြီးအကဲကပါ အမှတ်တရ လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Dao ခရိုင်ထဲမှာ ထိုင်းစစ်သားတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးတွေ အကြား စနေနေ့က ခဏတာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မ မီသိုင်း အမ်ဖာတမင်း စိတ်ကြွ ဆေးပြား ၆ သန်း သိမ်းဆည်းရမိတဲ့အကြောင်း ထိုင်း စစ်တပ်က ပြောပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းနေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီမှာ စစ်ကောင်စီဘက်က ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှာ အဖွဲ့ဝင် ကူကီးအမျိုးသားတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေ တင်ပို့လုပ်ဆောင်နိုင်ဖို့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဦးဆောင်နေကြောင်း နာဂဆိုရှယ်လစ်ကောင်စီအဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က နေရာပြောင်းရွှေ့တဲ့ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှုရှိမထားကြောင်း SSA မြောက်ပိုင်းက ပြောပါတယ်။ နမ့်ခမ်းမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် သဘောတူညီချက် မရသေးကြောင်းပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေရာပြောင်းရွှေ့တဲ့ ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှု ရှိမထားကြောင်း SSA မြောက်ပိုင်းဘက်က ပြောဆိုပါတယ်။
ရခိုင့်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီပိတ်ဆို့ထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ရွာသူ ရွာသားအားလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၂၉ရက်နေ့ကနေစတင် ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဲဒီထဲက ဒေသခံ ၄ဝကျော်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ အာရက္ခ တပ်တော် ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်