နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပါတယ်။
ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ချေးထားတဲ့ ချေးငွေတွေအားလုံးကို အခုလာမဲ့ဇူလိုင်လမှာ နောက်ဆုံးထား ပြန်မဆပ်ဘူးဆိုရင် လုပ်ငန်းလိုင်စင်တွေ ယာယီပိတ်သိမ်းမယ်လို့ ဖိအားပေးခံနေရကြောင်း လုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။
တချိန်တည်းမှာပဲ မောင်တောမြို့ကနေ ဆုတ်ခွာလာကြတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရေတပ်က လက်မခံပဲ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ဒီကနေ့အစောပိုင်းမှာပဲ AA အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ဇွန်လ ပထမပတ်အတွင်း မွန်ပြည်နယ် ဘီလင်းနဲ့ သထုံမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အိုးအိမ် ၁၂ လုံး ပျက်ဆီးခဲ့တဲ့အကြောင်း မွန် လူ့အခွင့်အရေး အဖွဲ့က မနေ့ ဇွန်လ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြား လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ ပြည့်မှီရေးဟာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ Team Europe အဖွဲ့အတွက် အဓိက ဦးစားပေးလုပ်ငန်းတခု ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီးယူသံရုံးက ဇွန်လ ၈ ရက်နေ့ နေ့စွဲနဲ့ လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြောလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ခုခံတော်လှန်ဖို့ဆိုတာ အခုလုပ်ရမယ့်ကိစ္စဆိုတာကို လုံးလုံးထောက်ခံနေတယ်ဆိုတာ လုံးဝ သေချာကြောင်း” ထောင်ထဲမှာ အတူ အကျဥ်းချခံရချိန် စကားပြောခွင့် ရခဲ့တဲ့ ပါမောက္ခ ရှောင်တာနယ်လ်က ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံတက်နေစဥ် ဂိမ်းကစားပြီး ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေခဲ့သူ မြန်မာနိုင်ငံသားကိုပစ်သတ်ခဲ့သူဟာ ထိုင်းရဲတပ်ကြပ်ကြီး တဦးဖြစ်ပြီး ခွန်ကယ်ရဲစခန်းမှာ မိသားစုနဲ့အတူ လာရောက်အဖမ်းခံခဲ့တယ်လို့ ခွန်ကယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှုအပေါ် စစ်ကောင်စီက စိစစ်အရေးယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် အခုနှစ်ရဲ့ ဒုတိယနဲ့ တတိယ ၄ လပတ်တွေအတွင်း အရောင်းကျသွားနိုင်တယ်လို့ ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းများ လုပ်ငန်းရှင်အသင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို ဒီကနေ့ပဲ နေရပ်ပြန်ဖို့ လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။
" အဝေးပြေးလမ်းအတိုင်း မောင်းလာတဲ့ ဘတ်စ်ကား ၄ စီးပေါ်မှာ တရားမဝင်မြန်မာ ၁၀၄ ဦး သယ်လာတယ် တစီးကို လူ ၂၀ ကနေ ၃၀ ကြားထိပါတယ်။ လူပွဲစားတွေက တင်ခေါ်လာတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု လဝက ဥပဒေအရ လူအစုလိုက်အပြုံလိုက် ၁၀၄ ယောက် မိတာဖြစ်လို့ လူကုန်ကူးမှုအရ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံရမှာဖြစ်ပါတယ်။"
စစ်ရေးတင်းမာခဲ့တဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်ကမ်းနံဘေးက အိုးအိမ်စွန့်ခွာသွားတဲ့ စစ်ဘေးရှောင်တချို့ နေရပ်ပြန်လာကြတယ်လို့ ရွာခံနဲ့ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီကတော့ ကော့ဘိန်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းချုပ်နိုင်ကြောင်းပြသဖို့ နေရပ်ပြန်ခေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်