စစ်တွေမြို့နယ် ၊ ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ (၄) ရက်နေ့မှာ ငြင်းချက်ထုတ်ပါတယ်။
ပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲလာမှုတွေကြောင့် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလဲဖြစ်တဲ့ ဦးတင်ဦးရဲ့ရုပ်အလောင်းကိုတော့ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။
သံတွဲမြို့နဲ့ လေးမိုင်အကွာမှာ ငပလီကမ်းခြေအနီးမှာ ဒီရက်ပိုင်း အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သံတွဲမြို့ဝန်းကျင်မှာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ သံယံဇာတတူးဖော်မှုကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးပြုန်းတီးလာတာကို အစိုးရသာမက အဖွဲ့အစည်းအသီးသီးကပါ ကာကွယ်တားဆီးပေးဖို့ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာမှာ ကျေးရွာ ၅ရွာက စုပေါင်းအခမ်းအနား ကျင်းပခဲ့ပြီး တောင်းဆိုလိုက်တာပါ။
NLD ပါတီပူးတွဲ တည်ထောင်သူလည်းဖြစ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သူရ ဦးတင်ဦးဟာ မြန်မာ့နိုင်ငံရေး လောကမှာ ထင်ရှားသူတဦးဖြစ်တာကြောင့် ဈာပနအခမ်းအနားဟာလည်း စည်ကားပါတယ်။
“ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေ ကျေးရွာတွေ မြို့ပေါ်ရပ်ကွက်တွေကတော့ ပြန်ဝင်နေထိုင်လို့ အဆင်သင့်မဖြစ်သေးဘူးနော်။ အထူးသဖြင့် မိုင်းအန္တရာယ်ရှိတယ်။" (တာအယ်စိုး - KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ)
"ကျနော်တို့က ခရီးသည်လမ်းတွေကို ပိုပြီး စီစစ်နေရတယ်။ ကော့ကရိတ်ဘက်၊ ကျုံဒိုးတို့ဘက်မှာတော့ BGF တွေက စကစနဲ့ပူးပေါင်းပြီး ကျနော်တို့ကို တိုက်မယ်။ ထိုးစစ်ဆင်မယ်လို့သတင်းရထားတယ်။ စုဖွဲ့မှုတွေလုပ်တယ်ကြားတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ BGF နဲ့ ထိပ်တိုက်ရင်ဆိုင်တာတော့ မရှိသေးဘူး။" (ပူးပေါင်းတပ်ခေါင်းဆောင်တဦး)
လာမယ့်နှစ်အတွက် အာဆီယံဥက္ကဋ္ဌဖြစ်လာတော့မှာမို့ အာဆီယံရဲ့ လူ့အခွင့်အရေးအစီအစဥ်နဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရာမှာ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင်မှုက သော့ချက်ကျတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ဇွန်လ ၄ ရက်နေ့က ပြောလိုက်ပါတယ်။
"မြင်းမူနဲ့ မြင်းခြံမြို့နယ်တွေမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထပ်ပြီး အသက်ဆုံးရှုံးရတာဟာ ကြေကွဲဖွယ်ကောင်းပါတယ်။ စစ်အစိုးရအနေနဲ့အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးကို အဓိကဦးစားပေးဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”(ဗြိတိန်အကြီးတန်းသံတမန် Anne-Marie Trevelyan)
ပြည်ထောင်စုကို တစုတဖွဲ့က လက်ဝါးကြီးအုပ်တာမျိုးမဟုတ်ပဲ Coming Together အတူတကွပူးပေါင်းတာမျိုး လိုလားပြီး၊ ရခိုင်ကို ကွန်ဖယ်ဒရိတ်အဆင့်ထက်မနိမ့်တာကို မျှော်မှန်းထားတယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ AA စစ်ဦးစီးချုပ်နဲ့ ဗွီအိုအေ မေးမြန်းမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ချင်းနဲ့ ကရင်နီဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်