ရခိုင်ပြည်နယ်တောင်ပိုင်းက နာမည်ကျော်ကမ်းခြေရှိရာ ငပလီမှာ ဒီကနေ့လည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေတာပါ။
စစ်ကောင်စီနဲ့ တအန်း တိုင်းရင်းသားလက်နက်ကိုင် TNLA တပ်ဖွဲ့တွေကြား ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို TNLA က ထိန်းချုပ်လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံက ဘဏ်တွေဟာ မြန်မာစစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေအဖြစ် ပြောင်းလဲ နေရာယူလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews ရဲ့ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်း လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအတွက် အလွန်ကြီးမာပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ တင်ပြသွားပါတယ်။
ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာပြီး မနှစ်က အာဖဂန်နစ္စတန်ကို ကျော်တက်သွားပြီလို့ UNODC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး AA အာရက္ခတပ်တော်က စစ်တွေကို ချဉ်းကပ်လာတဲ့ အတွက် မြန်မာစစ်ကောင်စီဘက်က စစ်သင်္ဘောတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Saint Martin ကျွန်း ဝန်းကျင်ကို စေလွှတ်နေတဲ့အကြောင်း မျက်မြင်သက်တွေက ပြောပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ မန္တလေး အိုးဘိုထောင်မှာ လူငယ်နိုင်ငံရေး အကျဉ်းသားတဦး ရိုက်နှက်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီအတွက် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံပေါင်း (၇)နိုင်ငံက ဘဏ်ပေါင်း (၁၆)ခု ဟာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၀ယ်ယူရေး စစ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းမှုအပါအ၀င် ဘဏ်၀န်ဆောင်မှုတွေ ပေးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsရဲ့ အစီရင်ခံစာသစ်က ဖေါ်ပြထားပါတယ်။
မလေးရှားနိုင်ငံ ကလန်းမြို့ ဘက်မှာ ဇွန်လ ၂၃ရက်နေ့ကပြုလုပ်ခဲ့တဲ့ အော်ပရာစီစစ်ဆင်ရေးအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၁၇၀၀ လောက်ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာမြန်မာနိုင်ငံသား ၁၂၀ လောက်ပါ၀င်ကြောင်း မလေးရှားအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးစိုးထက်သိန်းက ဗွီအိုအေကိုပြောပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာ ဘိဝံသ ပျံလွန်တော်မူခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပစ်ခတ်မှုဖြစ်စဥ်အမှန်ကို စစ်ကောင်စီက စိစစ်ဖေါ်ထုတ်နေတယ်လို့ ဇွန်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်တဲ့အတိုင်း လုပ်ဆောင်ဖို့ Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။
လူနာရှိလို့မြင်းခြံဆေးရုံကိုသွားပို့ပြီး LockDown အချိန်က လွန်သွားပြီလေ။ မြင်းခြံကနေ စခမ ကျေးရွာကိုအပြန် စစ်ကောင်စီတွေ ကင်းပုန်းဝပ်နေတဲ့နေရာကိုအဖြတ် ကားရှေ့မီးတော့ဖွင့်တယ်။ အတွင်းမီးမဖွင့်တော့ ဆရာတော့်ကို မတားမပြုဘဲ၊ ပုံစံကြည့်တာ မူးရူးနေတယ်နဲ့တူတယ်။ အဲ့ဒါကြောင့် ပစ်ခတ်ပစ်တာထင်တယ်။" (ဒေသခံ)
"နိုင်ငံရဲ့အနာဂတ်လည်း အကုန်ပျက်သွားပြီ၊ ပျောက်နေတယ်။ ဇွတ်ကြီးကောက်လိုက်လည်း ပျောက်နေတဲ့လူငယ်တွေ ဘာလုပ်ရမှာလဲ။ သူတို့တတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားရတာလား။ နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်းလိုတယ်။ ဒါပေမဲ့ဒီအခြေအနေမှာ မဖြစ်နိုင်ဘူး။ အဲဒါကိုဆိုလိုချင်တာ။" (မန္တလေးဒေသခံ)
နောက်ထပ်ကြည့်ရှုရန်