ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ ၈၀ ထက်မနည်းရှိပြီး အဲဒီထဲက ၈၈မျိုးဆက် မနုနုအောင် အပါအဝင် ၅ ဦး ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ PPNM မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဗွီအိုအေကိုပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာဘက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ တိုးလာနေချိန်မှာပဲ ထိုင်းနိုင်ငံထဲ နည်းလမ်းမျိုးစုံနဲ့ မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာနေကြတာပါ။
စစ်ကောင်စီပြန်ပြီးထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် ကော့ဘိန်းမှာ ဒေသခံတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လုယက် သိမ်းဆည်းနေကြောင်း ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ထောင်ဒဏ် (၂၇)နှစ်နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီနိုင်ငံ Abbiategrasso မြို့က မနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ချီးမြှင့်ခဲ့ပါတယ်။
စစ်ရေးအရှိန်တက်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလထဲ နေရပ်စွန့်ခွာ ထွက်ပြေးရသူက ၆ သောင်းနီးပါးအထိ ရှိခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ ဒေသတွင်းအဖွဲ့တခုက ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်နေရသူအများစုကတော့ ရွာတွေထဲပြန်မဝင်ရဲဘဲ တောထဲမှာသာနေ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တောင်ပိုင်းမှာကျတော့ အမ်းမှာဖြစ်တယ်။ အမ်းမြို့နယ် ကုဇုကိုင်း၊ တောဟိန်းတောင် ဗျူဟာပေါ့ အဲဒီမှာတော့ တိုက်နေတာလနဲ့ချီရှိနေပြီ။ နောက်ပြီးတော့ မနေ့ တနေ့ကဆိုရင်လည်း တောင်ကုတ်မြို့မှာ ဖြစ်တယ်။ သံတွဲမှာလည်း လဝက်နီးပါး ရှိနေပါပြီ။ အဲသုံးနေရာတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပေါ့။" (ဦးဖေသန်း)
“တခြားလက်နက်တွေသုံးပြီး ရိုက်နှက်တာမျိုးမဟုတ်ဘဲနဲ့ လက်သီးနဲ့ပဲထိုးသွားတာ။ လက်သီးနဲ့ထိုးပြီးတော့ အမျိုးသမီးက ဦးနှောက်သွေးယိုစီးမှုနဲ့ ခွဲစိတ်မှုလုပ်ဖို့တွေကြိုးစားခဲ့သေးတယ်။ ထိုင်းကကယ်ဖို့ ကြိုးစားတယ်ပေါ့နော်။ ဆေးရုံ သုံးခုလောက်ပြောင်းလိုက်တယ်။ ဒါပေမယ့် မရလိုက်ဘူး။" (မထိပ်ထား-Sister to Sister အဖွဲ့)
မြန်မာနိုင်ငံမှာ ဒုစရိုက်လုပ်ငန်းတွေကြောင့် လူသိများတဲ့ မြဝတီခရိုင် ရွှေကုက္ကိုလ် ကို နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မသင်္ကာတဲ့ နိုင်ငံခြားသား ၆ ဦး ကို ထိုင်းနယ်စပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံဖက် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေး စိုးရိမ်တဲ့အတွက် မဏိပူရ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဒါဇင်ကျော် အစာငတ်ခံဆန္ဒပြနေကြပါတယ်။
ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းတွေလည်း ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်