မြန်မာနိုင်ငံမှာ ဒုစရိုက်လုပ်ငန်းတွေကြောင့် လူသိများတဲ့ မြဝတီခရိုင် ရွှေကုက္ကိုလ် ကို နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မသင်္ကာတဲ့ နိုင်ငံခြားသား ၆ ဦး ကို ထိုင်းနယ်စပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် မြန်မာနိုင်ငံဖက် ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေး စိုးရိမ်တဲ့အတွက် မဏိပူရ်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဒါဇင်ကျော် အစာငတ်ခံဆန္ဒပြနေကြပါတယ်။
ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်ထားတယ်လို့စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပေမဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းတွေလည်း ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်တင်းမာတာတွေမြင့်တက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကနေ့အထိကတော့ လားရှိုး- မန္တလေးလမ်းဟာ အသွားအလာတွေ ဆက်လက် ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တရုတ်နိုင်ငံ ဝီဂါဒေသက မူဆလင်တွေလို ကမ္ဘာတဝှမ်း ဖိနှိပ်ခံနေရတဲ့ မူဆလင်အသိုင်းအဝန်းရဲ့ အခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စလမ်ဘာသာဝင်တွေရဲ့ Eid al-Adha အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြပါတယ်။
ဩစတေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တက္ကသိုလ်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် Global Peace Index ခေါ် GPI ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်း အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ မှာ သတ်မှတ်ထားပါတယ်။
ရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ ရွေးကာက်ပွဲကို ဘယ်အချိန်မှာ လုပ်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းခေါင်းဆောင်က ပထမဆုံးအကြိမ်ပြောဆိုခဲ့တာပါ။
"မောင်တောရဲ့လက်ရှိအခြေအနေကတော့ မကြာမီမှာ ဒိထက်ပိုမိုပြီးတော့ ပြင်းထန်တဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာမယ့်အနေအထားမျိုး ရှိပါတယ်။ ဒေသခံပြည်သူတွေအားလုံးအတွက် အန္တရာယ်မဖြစ်ဖို့အတွက် ဒါကို ကြိုတင်ပြင်ဆင်တဲ့ စစ်ရေးအရ ပြင်ဆင်တဲ့အနေအထားမျိုးဆိုရင်တော့ ဒါ ကိစ္စမရှိနိုင်ပါဘူး။ (ဦးအောင်မျိုးမင်း-NUG)
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့ လှုပ်ရှားမှုအဖြစ် ကမ္ဘာအေးဂုံးကျော်တံတားမှာ "လွှတ်" ဆိုတဲ့စာလုံးတလုံးကို ဇွန်လ ၁၆ ရက်နေ့မှာ ပစ်တိုင်းထောင်အဖွဲ့က သွားရောက်ချိတ်ဆွဲခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၄) ကတပ်ရင်းတပ်ဖွဲ့တွေနဲ့ PDF စတဲ့ပူးပေါင်းတပ်တွေဟာတနင်္သာရီတိုင်းအတွင်းက နှစ်သုံးဆယ်နီးပါးစစ်ကောင်စီကတပ်စွဲထားရာ သက်တမ်းရင့်စခန်းတခုဖြစ်တဲ့ အောင်သာဝရစခန်းကို ၂ လနီးပါးကြာ ပိတ်ဆို့ထားပြီးတဲ့နောက် ဇွန်လ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
မြန်မာနိုင်ငံဘက်က ပစ်လိုက်တဲ့ကျည်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် Saint Martin ကျွန်းကို ကျရောက်ခဲ့တဲ့အတွက် ဒီကိစ္စကို နှစ်နိုင်ငံအကြား ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးနဲ့ လမ်းတံတားဆိုင်ရာဝန်ကြီး Obaidul Quader က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်