မြန်မာနိုင်ငံမှာ ဆန်စပါးဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေပါတယ်။
ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကမ္မရွာအနီး စစ်တပ်ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်ခဲ့တဲ့အဖြစ်ကို သည်းခံခွင့်လွှတ်ဖို့ သီတဂူဆရာတော်ကြီးက တိုက်တွန်းခဲ့ပါတယ်။
ဆန်စျေးနှုန်းတွေမြင့်တက်လာလို့ မြန်မာနိုင်ငံ ဆန်အသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များကို ဖမ်းဆီးထားပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထိပ်ပိုင်းခေါင်းဆောင် တဦးကို Farmer Times Media က မေးမြန်းထားပါတယ်။
ဆရာတော် မုနိန္ဒာဘိဝံသ ပျံလွန်တော်မူရတဲ့အ ပေါ် တပည့်သံဃာတော်များသဘောထား − စစ်တပ်ရဲ့ ပရမ်းပတာပစ်ခတ်မှုမှာ အသက်မသေပဲကျန်ခဲ့တဲ့ ကန်သုံးဆင့်ကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက အဖြစ်မှန်ကို ရဲရဲဝံ့ဝံ့ထုတ်ဖေါ်ပြောဆိုခဲ့လို့သာ စစ်ကောင်စီကလိမ်ညာလို့ မရခဲ့တာလို့ ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ပါတယ်။
ရခိုင်ပြည်နယ်က အမ်း တောင်ကုတ် သံတွဲနဲ့ မောင်တောမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA ဘက်က တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး တနေ့ထက်တနေ့ တိုက်ပွဲတွေ ပိုပြင်းထန်လာ နေတာပါ။ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း တိုး လာနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ ဗုဒ္ဓဟူးနေ့က ရေကြီးမြေပြိုမှုဒဏ် ခံရတဲ့ ရိုဟင်ဂျာ ၈,၀၀၀ အတွက် အထောက်အကူပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ UNHCR က လုပ်ဆောင်နေကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုက်ပွဲအခြေအနေကြောင့် ၃ လဝန်းကျင် အသွားအလာပိတ်ထားတဲ့ မြစ်ကြီးနားလမ်းမှာ ကုန်တင်ယာဉ်နဲ့ စက်သုံးဆီကားတွေ သွားလာခွင့်ရတာ ၂ ပတ်နီးပါး ရှိပါပြီ။ ပူတာအိုမြို့တွင်းမှာ စားသောက်ကုန် စျေးနှုန်း ပုံမှန်ပြန်မဖြစ်သေးပဲ ဖုန်းလိုင်းအဆက်အသွယ်လည်း ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီနေ့က အဖြစ်အပျက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုပ်သံနဲ့ ရှင်းပြခဲ့တာမှာ လုံခြုံရေးအခြေအနေတွေ ရှုပ်ထွေးနေစဉ် ကားတစီးကို ပစ်ခတ်ခဲ့မိတာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား နတ်မြစ်ကို ကျော်ပြီး မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ် နယ်စပ်ကျော် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထပ်ပြီး ပစ်ခတ်တာတွေ လုပ်ရင် လက်တုံ့ပြန်ပစ်ခတ်မယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက သတိပေး ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။ သူသိထားသလောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီး သူတို့အရင်စီစဉ်ထားရှိတဲ့ နေရာမှာပဲ ရှိနေပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ဇွန်လ ၂၀ ရက်က ပြောကြားခဲ့တာဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်ပစ်ခတ်လို့ သေဆုံးခဲ့ပြီးနောက် စစ်တပ်ရဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေရပ်အောင် ကံဆောင်ချိန်ရောက်ပြီလို့ ဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေက မိန့်ကြားလိုက်ပါတယ်။
တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဆရာတော်တပါးက မိန့်ကြားခဲ့ပြီးနောက်၊ ဆရာတော်ရဲ့ မိန့်ကြားမှုဟာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာကြောင့် အဖြစ်မှန်ပို စိစစ်ဖော်ထုတ်နေတယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်