စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်မှာ အဖွဲ့ဝင် ကူကီးအမျိုးသားတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်းကို လက်နက်တွေ တင်ပို့လုပ်ဆောင်နိုင်ဖို့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဦးဆောင်နေကြောင်း နာဂဆိုရှယ်လစ်ကောင်စီအဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA က နေရာပြောင်းရွှေ့တဲ့ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှုရှိမထားကြောင်း SSA မြောက်ပိုင်းက ပြောပါတယ်။ နမ့်ခမ်းမြို့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး နှစ်ဘက် သဘောတူညီချက် မရသေးကြောင်းပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို တွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
နမ့်ခမ်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နေရာပြောင်းရွှေ့တဲ့ ကိစ္စဟာ နှစ်ဘက်ဆွေးနွေးမှု ရှိမထားကြောင်း SSA မြောက်ပိုင်းဘက်က ပြောဆိုပါတယ်။
ရခိုင့်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီပိတ်ဆို့ထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ရွာသူ ရွာသားအားလုံးကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၂၉ရက်နေ့ကနေစတင် ဖမ်းဆီးခဲ့ တာဖြစ်ပြီး အဲဒီထဲက ဒေသခံ ၄ဝကျော်ကို စစ်ကောင်စီက သတ်ဖြတ်လိုက်တယ်လို့ အာရက္ခ တပ်တော် ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန်ခန်းက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက မူးယစ်ဆေးဝါးမှောင်ခိုတွေကို စီးနင်းဖမ်းဆီးမှုတွေမှာ မူးယစ်ဆေးနဲ့ အတူ လက်နက်ခဲယမ်းများ သိမ်းမိတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမယ့်အခြေအနေကို ဦးတည်နေပြီလို့ Timor-Leste (အရှေ့တီမော) နိုင်ငံသမ္မတ Dr. Jose Ramos-Horta က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပူးတွဲထူထောင်သူ နာယကကြီး သူရဦးတင်ဦး စနေမနက် ၈ နာရီ ၅၀မိနစ်မှာ ကွယ်လွန်သွားပြီလို့ သားဖြစ်သူ ဦးသန့်ဇင်ဦးက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးချိန်မှာ အသက် ၉၉ နှစ်အရွယ်ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း ကျန်းမာရေးဆိုးရွားလာလို့ ဆေးရုံတင်ကုသခဲ့ရပါတယ်။
မြန်မာ့ပဋိ့ပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ အရပ်သား ပြည်သူတွေနဲ့ အကူအညီ ပေးရေး အဖွဲ့တွေကို ကာကွယ်ပေးဖို့ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တောင်းဆိုခဲ့ပါတယ်။
နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ Shangri-La Dialogue ခေါ် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးညီလာခံ ပထမနေ့မှာ “မြန်မာငြိမ်းချမ်းရေး အမြင်မတူမှုကြားက သံတမန်အခွင့်အလမ်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာပါ။
စစ်ကိုင်းတိုင်း ကလေးဒေသမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရွာတွေဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ကလေးငယ်တွေအပါအ၀င် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်