တိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဆရာတော်တပါးက မိန့်ကြားခဲ့ပြီးနောက်၊ ဆရာတော်ရဲ့ မိန့်ကြားမှုဟာ အစောပိုင်းသတင်းထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာကြောင့် အဖြစ်မှန်ပို စိစစ်ဖော်ထုတ်နေတယ်လို့ ဒီနေ့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ယာယီအပစ်အခတ်ရပ်ထားတဲ့ ညီနောင်မဟာမိတ်အဖွဲ့ထဲက တအာင်း TNLA တပ်တွေရှိတဲ့ မြို့နယ် ၃ ခုအပေါ် စစ်တပ်ဘက်က တိုက်ခိုက်နေတယ်လို့ TNLA ကပြောပါတယ်။ ဇွန်လဆန်းထဲက စလို့ ၂ ဘက် စစ်ရေးတင်းမာနေတာဖြစ်ပြီး အခုလို သူတို့ တပ်စခန်းတွေအပေါ် လာတိုက်တာဖြစ်တယ်လို့ TNLA က VOA ကိုပြောပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်ထားတဲ့ ကရင်နီ နယ်မြေမှာ စာသင်ကျောင်း စုစုပေါင်း ၄၅၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား အရေအတွက် ၄၆,၀၀၀ ကျော် ရှိနေကြောင်း IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
မိုးရာသီတွင်း မြဝတီတောလမ်း သွားလာရခက်ခဲနေပြီး မြို့တွင်းကုန်စည် စီးဆင်းနိုင်ဖို့နဲ့ ခရီးသွားလာသူတွေ အခက်ကြုံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် အသွားအလာတားမြစ်ထားတဲ့ အာရှလမ်းကို ပြန်အသုံးပြုနိုင်ဖို့ ဒေသခံတွေနဲ့ ကုန်သည်တွေမျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းအခြေနေနဲ့ နယ်စပ်ကိုပါကျော်ဖြတ်ပြီး ဖြစ်ပွါးတဲ့ပြဿနာတွေ ဆိုးဝါးလာနေတာအတွက် အမေရိကန်၊ အီးယူဥရောပသမဂ္ဂနဲ့ တခြားအလှူရှင် နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက အထူးစိတ်ပူဆဲဖြစ်ကြောင်း ဇွန်လ ၂၀ နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံပျံတော်မူခဲ့ရတာနဲ့ပတ်သက်လို့ စစ်ကောင်စီလုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ကြောင်း ဖြစ်စဥ်မှာအတူရှိနေခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က ဈာပနအစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် Den Xijun ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့ကရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ရာမှာ နယ်စပ်တည်ငြိမ်ရေးနဲ့ အပြန်အလှန်အကျိုးတူကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ မနေ့ ဇွန်လ ၁၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၈ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။
ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော်ရုပ်ကလာပ်ကို ပူဇော်ခံထားရှိပြီနောက် မီးသင်္ဂြိုလ်ကာ အရိုးပြာအိုးကို စစ်တောင်းမြစ်ထဲ မျှောသွားမယ်လို့ ကျောင်းတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေးကို တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကြားဝင်စေ့စပ်ပေးထားတဲ့ ယာယီသဘောတူညီချက်ကို စစ်ကောင်စီဘက်က အကြိမ်ကြိမ် ချိုးဖေါက် နေတဲ့အကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ခေါ် တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ဟိုပန်မြို့နယ်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဦးဆောင်တဲ့ ခရိုင်အဖြစ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် တတိုင်းပြည်လုံး ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို အရင် ဖြေရှင်းပြီး၊ တိုင်းပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လိုတဲ့အကြောင်း UNHCR အကြီးအကဲ Filippo Grandi က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်