မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံကထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်အပြင် မြန်မာအလုပ်သမားဝန်ကြီးဌာနကထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် Certificate of Identity (CI) လည်းလိုအပ်ပြီး ၂ ခုလုံးပြည့်စုံမှ ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်ရတာဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ တချိန်ကလို လူမျိုးတုန်း အကြမ်းဖက်မှုတွေ နောက်တကြိမ် ကြုံရမယ့် အခြေအနေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။
မြန်မာနဲ့အိန္ဒိယ ၂ နှစ်နိုင်ငံကြား ငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်မှုတွေ စတင်လိုက်ပြီး၊ ငွေပေးချေမှုအတွက် ရူးပီးငွေ တကုဋေကျော်ကို မြန်မာဘက် ဒီကနေ့ပဲ လွှဲပြောင်းပေးလိုက်ကြောင်း အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်းတချို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အခြာကျတဲ့ လားရှိုးမြို့မှာ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အနည်းဆုံး အရပ်သး ၅ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု Genocide အမှုနဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ Maldives နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုထားကြောင်း ICJ က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခုနောက်ဆုံး ပြောင်းလဲဖြစ်ထွန်းမှုတွေအပေါ် မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းကိုဖြေရှင်းရာမှာ နောက်လာမယ့် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အင်ဒိုနီးရှားက ပံ့ပိုးကူညီမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ မြန်မာသတင်းထောက် ကိုထက်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဇူလိုင်လ ၂ ရက်နေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဟက်ဇ်ဘိုလာက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေဟာ ဒေသလွတ်မြောက်ရေးသက်သက်မဟုတ်တော့ဘဲ နွေဦးတော်လှန်ရေးရဲ့အစိတ်အပိုင်းအဖြစ် တနိုင်ငံလုံး စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲပုံစံဖြစ်လာတယ်လို့ သုံးသပ်သူတချို့ ယူဆပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တချို့သေဆုံးတာရှိသလို၊ဒေသခံအရပ်သားတဦးလည်း သေဆုံးတယ်လို့သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်