"မေလ နောက်ဆုံးပတ်အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့မြန်မာ ၉၀၀ ကျော်ဖမ်းဆီးရမိတာဖြစ်ပြီးတော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စတဲ့ ၄ လအတွင်း နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိတာ စာရင်းအရဆိုရင် ၃,၉၀၀ နီးပါးရှိပါတယ်။"
PVTV ရုပ်သံဌာနဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်ပေမယ့်၊ သတင်းတည်းဖြတ်တင်ဆက်မှုပိုင်းမှာ သီးခြားလွတ်လပ်တဲ့အသွင်ဆောင်တယ်လို့ PVTV တာဝန်ခံ ကိုနေဘုန်းလတ်က ပြောပါတယ်။ ထိုင်းအခြေစိုက် PVTV ရုံးကိုသွားရောက်ပြီး မအင်ကြင်းနိုင်က ဦးနေဘုန်းလတ်ကို မေးမြန်းထားပါတယ်။
"စစ်ကြောင်းက ပုဂံကို မင်းအောင်လှိုင်လာမယ်ဆိုလို့ အကာလာတာ။ ၂၄ ရက်နေ့ စက်လှေတွေချောဆွဲပြီး လုံးပိုလှေဆိပ်ကနေလာတာ။ အဲ့ကျောင်းထဲမှာ အဲ့ကလေးတွေ အိပ်နေတယ်ဆိုတာသိလို့လားမသိဘူး။ မနက် ၃ နာရီခွဲလောက်မှာ ကလေးတွေကိုဖမ်းပြီး ညနေ ၆ နာရီထိုးလောက်ကြတော့ ပစ်သတ်သွားတာ။ ခေါင်းတွေချိန်ပြီး ပစ်သတ်သွားတာ။" (ဒေသခံ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။
ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကနေ တိမ်းရှောင်လာကြတဲ့ ဒေသခံတွေနဲ့ အလုပ်သမား ၁၅၀ ကျော်လောက် လိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဝိုင်းမော်မြို့အဝင်မှာ ပစ်ခတ်ခံရတာကြောင့် အနည်းဆုံး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၅သိန်းကျော် အထိရှိလာနေပြီး လူသားချင်းစာနာမှုအကူအညီတွေအတွက် နိုင်ငံတကာအနေနဲ့ မြေပြင်မှာ ရှိနေတဲ့ ULA/AA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံ့အရေး ကြားဝင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ သူ တွေ့ဆုံခဲ့တာကို ဝန်ခံပြောဆိုပြီး တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံဘက်က စိုးရိမ်မှုတွေကို အခြေခံ တွေ့ဆုံခဲ့တာလို့ စနေနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကို ပြောဆိုပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်မှာ ဆန္ဒပြမှုနဲ့ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ထပ်တိုးပြစ်ဒဏ်ချမှတ် လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်း သားများကွန်ရက် -PPNMက ဗွီအိုအေကို ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထား မရှိသူတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ မေလ ၂၄ ရက်နေ့ မနက်က ဂျိုဟိုးမြို့မှာ အဖမ်းဆီးတွေလုပ်ခဲ့ပြီး နိုင်ငံခြားသားတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာ အထောက်အထားမဲ့ လူ ၁၀၀ကျော် ဖမ်းမိပြီး၊ ဒီထဲမှာ မြန်မာ ၅၀ ကျော် ပါဝင်ပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ တာလောကြီးကျေးရွာနဲ့ မြစ်ကြီးနားအနီး KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်မံ ပြောင်းရွှေ့လိုက်တယ်လို့ မီဒီယာတချို့မှာ သတင်းထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ် နေဆဲပါ။ နေပြည်တော် အချုပ်ထောင်ကိုပဲ ထောင်ဝင်စာပစ္စည်းတွေ ပို့ခဲ့ရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်