"ဒီတော်လှန်ရေးက ရေရှည်တော်လှန်ရေး ဖြစ်တယ်။ ဒီကြားကာလမှာပဲ လိုအပ်တဲ့ဟာတွေကို ဆက်ပြီးတော့ လုပ်နေဖို့လိုတယ်ဆိုတဲ့ စိတ်ကူးနဲ့ မိုးရာသီသစ်ပင်စိုက်တဲ့လှုပ်ရှားမှုလေး လုပ်ဖြစ်တယ်။ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်၊ ကမ္ဘာကြီးအတွက် လိုအပ်တယ်ဆိုတဲ့ဟာမျိုး နားလည်ထားတယ်ပေါ့ဗျာ။" (ကိုမင်းလွင်ဦး-DDMSC တာဝန်ခံ)
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်အတွင်း မြန်မာနယ်စပ်နဲ့ တကီလိုသာကွာတဲ့ ဒွိုင်စန်တောင်တန်းမှာ မြန်မာဘက်က မူးယစ်ဆေးဝါးတွေသယ်လာတဲ့လက်နက်ကိုင်တွေနဲ့ ထိုင်းအမှတ် ၃၂၀၇ ရိမ်းဂျားတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၃ သိန်းဖမ်းမိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားကို Minnesota ပြည်နယ်မှာ လာအိုနွယ်ဖွား Hmong လူမျိုးတွေ ဦးဆောင်ပြီး ကျင်းပရာမှာ၊ အမေရိကန်ရောက် ကရင်လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ပွဲကို တတ်ရောက်ခဲ့တဲ့ ဟောင်ဆာက သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ် တီးတိန်မြို့မှာ နေအိမ်တွေမီးရှို့ခံရပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးအရ အရေးပါတဲ့ မြစ်ကြီးနားလမ်းပိတ်ထားတာ ၂လကျော်ကြာလာချိန်မှာ ပူတာအိုမြို့မှာ ဆန်နဲ့ လောင်စာဆီ အခက်အခဲတွေ ကြုံတွေ့နေရသလို ဈေးတွေလည်း အဆမတန်မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ဆိုရင်လည်း ဓာတုပစ္စည်းနဲ့ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ အဓိက ထုတ်လုပ်ရာဒေသ ဖြစ်နေတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံသားတွေပြီးရင် မြန်မာနိုင်ငံက အရေအတွက်အရရော၊ ဝယ်ယူတဲ့ တန်ဖိုးအရရော ဒုတိယနေရမှာ ရှိပြီး အရင်က တလျှောက်လုံး ဒုတိယနေမှာ ရှိနေခဲ့တဲ့ ရုရှားနိုင်ငံသားတွေထက် ကျော်သွားတာကို စာရင်းထုတ်ပြန်ထားတာပါ။
တာဝန်က အနားပေးလိုက်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ စီးပွားရေး ပြဿနာတွေ ကြုံတွေ့နေရချိန်မှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြေညာချက်ကြောင့် ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ရှိနေပါတယ်။
စစ်ဒဏ်သင့် ကရင်နီဒေသမှာ နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေ မိုးတွင်းကာလမှာ လုံခြုံတဲ့ ခိုလှုံစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ လတ်တလော တောတောင်တွေထဲမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်ကြသူတွေ မကြာသေးခင်က မိုးဒဏ်၊ လေဒဏ်ကြောင့် အခက်တွေ့နေကြရတာပါ။
တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်တွေ ငှက်ဖျားရောဂါ အဖြစ်များနေပြီး၊ မိုးဦးကျကာလမှာ အခြေခံလိုအပ်ချက် တော်တော်များများရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် တနေ့ထက်တနေ့ စစ်ရှောင်သူဦးရေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။
PVTV ရုပ်သံဌာနဟာ နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာခဲ့တဲ့ သတင်းဌာနတခုဖြစ်သလို မြန်မာနိုင်ငံအနှံ့က မြေပြင်သတင်းတွေကို အထူးပြုတင်ဆက်နေတာဖြစ်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်ပေမဲ့ သတင်းတည်းဖြတ်တင်ဆက်မှုပိုင်းမှာ သီးခြားလွတ်လပ်တဲ့အသွင်ဆောင်တယ်လို့ PVTV တာဝန်ခံ ဦးနေဘုန်းလတ်က ပြောပါတယ်။
"မေလ နောက်ဆုံးပတ်အထိ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့မြန်မာ ၉၀၀ ကျော်ဖမ်းဆီးရမိတာဖြစ်ပြီးတော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးတဲ့နောက် ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီ၊ မေ စတဲ့ ၄ လအတွင်း နယ်စပ်ဖြတ်ကျော်လို့ဖမ်းမိတာ စာရင်းအရဆိုရင် ၃,၉၀၀ နီးပါးရှိပါတယ်။"
နောက်ထပ်ကြည့်ရှုရန်